

လီဗာပူးအသင်းဟာ ဗလန်စီယာအသင်းမှ ဂျော်ဂျီယာ ဂိုးသမား Giorgi Mamardashvili ကို ပေါင် ၂၅ သန်းပေးပြီး ခေါ်ယူဖို့ စကားပြောမှု အခြေအနေ တိုးတက်နေတယ်လို့ အသံထွက်နေပါတယ်။
ဒီနွေမှာ ဆော်ဒီလိဂ်တွေထံက ချဉ်းကပ်မှုရခဲ့ပေမယ့် အင်္ဂလန်မှာ ၁ ရာသီ ဆက်နေဖို့ ရွေးချယ်ထားတဲ့ အယ်လီဆန်နေရာ ရေရှည် အစားထိုးဖို့ ဂိုးသမား ဂျော်ဂျီကို ကြိုတင် ခေါ်ယူထားလိုတယ်လို့ ဗလန်စီယာနဲ့ လာလီဂါ သတင်းထောက်တွေထံက ဖော်ပြနေပါတယ်။
ယူရိုမှာ လက်စွမ်းကောင်းတွေပြသခဲ့တဲ့ လာလီဂါဂိုးသမားဟာ အသက် ၂၃ နှစ်အရွယ်ပဲ ရှိသေးကာ ပွဲအတွေ့အကြုံ အများအပြား ရှိထားသူဖြစ်ပါတယ်။
သူ့ကို ဒီနွေတည်းက ခေါ်ယူကာ ပရီးမီးယားလိဂ်ကလပ် တစ်သင်းသင်းထံ (ဘုန်းမောက်လို အသံထွက်) တစ်ရာသီ အငှားချဖို့ လီဗာပူးအသင်းက စီစဉ်ထားတယ်။
🇬🇪 Giorgi Mamardashvili averaged the third most prevented goals per 90 (0.14) among U23 goalkeepers in Europe’s top five leagues last season.
He also ranked in the top five U23 goalkeepers for progressive passes (6.89 per 90).
Easy to see why #LFC would want him. pic.twitter.com/z70yVhJf11
— Bence Bocsák (@BenBocsak) August 5, 2024
အသင်းမှာ ကလယ်ဟာနဲ့ ဂျာရိုစ့်တို့လို ကစားသမားကောင်းတွေ ရှိပေမယ့် သူတို့နှစ်ဦးလုံးဟာ လာမယ့်ရာသီ လီဗာပူးမှာ ဆက်ရှိနေဖို့ မသေချာသေးပါဘူး။ ဒီရာသီအတွက်တော့ အယ်လီဆန်ရဲ့နောက် ဒုတိယဂိုးသမား နေရာအတွက် ပြိုင်ဆိုင်ရမှာပါ။
ဂိုးသမားသစ် ခေါ်မယ့်သတင်းကို လီဗာပူးသတင်းထောက်တွေ ဘယ်လို တုန့်ပြန်လာမလဲ စောင့်ကြည့်ရပါဦးမယ်။