

တိုက်စစ်သမား ကာဗာရိုကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် တန်းတက်ကလပ် လက်စတာအသင်းကလည်း ဝင်ရောက် စကားပြောလာနေပါတယ်။
လီဗာပူးအသင်းဟာ အသင်းမှာ ကာလရှည် ဆက်ရှိနေတော့မှာ မဟုတ်တဲ့ အယ်လီဆန် နေရာ အစားထိုးဖို့ ဗလန်စီယာကနေ အသက် ၂၃ နှစ်အရွယ် ဂိုးသမား Mamardashvili ကို ပေါင် ၂၅ သန်း ဝန်းကျင်ဖြင့် ခေါ်ယူမယ် သတင်းကြီးလာပါတယ်။
ဂျော်ဂျီယာ ဂိုးသမားကို အင်္ဂလန်မြေမှာ အသားကျစေဖို့ ဘုန်းမောက်ထံ ၁ ရာသီ အငှားပို့ထားဖို့ပါ လီဗာပူးဘက်က စဉ်းစားနေပါတယ်။
တိုက်စစ်သမား ဗန်ဒုတ်ကို အငှားချဖို့ လီဗာပူးဘက်က စီစဉ်နေပေမယ့် ဒီနွေမှာတင် အပြီးသတ် ထွက်ခွင့်ပေးနိုင်ကြောင်းပါ သတင်းထွက်လာပါတယ်။
အက်ဆာမှာ ပြန်လည် ပူးပေါင်းချိန် ဒါဝင်က ထရန့်ကို ရီးရဲလ်မက်ဒရစ် ရီးရဲလ်မက်ဒရစ် ဆိုပြီး နောက်ကနေ လိုက်လံ စနောက်ခဲ့ပါတယ်။
နယူးကာဆယ်ဟာ ဂေါ်ဒန်ကို သက်တမ်းတိုးဖို့ စကားပြောမှာဖြစ်ကာ အဆင်မပြေခဲ့ရင် စာချုပ် ၂ နှစ်ပဲကျန်တဲ့ တိုက်စစ်မှူးကို ရောင်းချဖို့ စဉ်းစားလာရမှာပါ။
မာတစ်ကို အလွတ်နဲ့ခေါ်ယူဖို့ လေဗာကူဆင်အပြင် မာဆေးဆိုဒ်ကလပ် အဲဗာတန်ကလည်း စိတ်ဝင်စားနေပါတယ်။
ဘော်ဘီကလက်ကို အလိုရှိတဲ့ အသင်း ၇ သင်းဝန်းကျင် ရှိထားပေမယ့် အသင်းတောင်းဆိုတဲ့ ပေါင် ၁၂ သန်းအထက်ကို မည်သည့်ကလပ်ကမှ မပေးသေးပါဘူး။
လက်တလောမှာ ထရန့်နဲ့ စာချုပ်ကိစ္စ စကားမပြောဘဲ ဘယ်လို ကစားကြမလဲ အတွက်ပဲ ဆွေးနွေးထားတယ်လို့ အာနယ်က ဆိုပါတယ်။
အိုလံပစ်ပွဲကြောင့် အသင်းရဲ့ ပစ်မှတ်ကို စကားပြောဖို့ နှောင့်နှေးနေတယ်လို့ ရစ်ချက်ဟုချ်က အသိပေးလာပြီးနောက် ပြင်သစ်ကစားသမား တစ်ဦးဦးကို လီဗာပူးအသင်း ခေါ်ယူဖို့ ချိန်ထားတာလို့ မှန်းဆနေကြပါတယ်။