BREAKING: လီဗာပူးအသင်း နံပါတ် ၆ သမားအသစ် ခေါ်မည်၊ ပရီးမီးယားလိဂ်က မဟုတ်

အမေရိကန် ရာသီကြိုကနေ ပြန်လာပြီဖြစ်တဲ့ လီဗာပူးအသင်းဟာ ရာသီသစ်အတွက် အဓိက အားဖြည့်မှုအဖြစ် ကွင်းလယ်ခံစစ်သမားသစ် ခေါ်ယူဖို့ စိတ်ပိုင်းဖြတ်လာခဲ့ပါပြီ။

တနင်္ဂနွေနေ့မှာ ဆီးဗီးလာနဲ့ အန်ဖီးကွင်းအတွင်း ယှဉ်ပြိုင်ကစားမယ့် လီဗာပူးအသင်းဟာ နည်းပြသစ်လက်ထက် ကစားသမားသစ် မခေါ်ယူသေးပါဘူး။

ရာသီကြို တောက်လျှောက်မှာ အန်ဒို၊ ဆိုဘိုနဲ့ ဂရာဗင်ဘက်ချ်တို့ကို နံပါတ် ၆ နေရာတွေမှာ သုံးနေခဲ့ကာ ၃ ပွဲလုံးကို အနိုင်ရထားပါတယ်။ အထူးသဖြင့် ယူနိုက်တက်ပွဲမှာ ဂရာဗင်ဘက်ချ် နံပါတ် ၆ ကစားတာ ကြိုက်တယ်လို့ အာနယ်က ချီးကျူးထားပါတယ်။

The Athletic သတင်းထောက် David Ornstein ကတော့ ဒီအပတ်ထဲမှာ အားလုံး စောင့်ကြည့်နေသင့်တဲ့ အပြောင်းအရွှေ့ကတော့ ပရီးမီးယားလိဂ် ပြင်ပကနေ နံပါတ် ၆ နေရာ အထူးပြုကစားသမားသူ တစ်ဦး လီဗာပူးခေါ်ယူတော့မှာပဲ ဖြစ်ပါတယ်လို့ ဖော်ပြလာပါတယ်။

ဒီနွေမှာ အန်ဒိုအတွက် ကမ်းလှမ်းမှုကို ပယ်ချလိုက်ခြင်းဟာ ကွင်းလယ်ခံစစ် နေရာ လှည့်ဖျားမှုများတဲ့ အခြေအနေကြောင့်ဖြစ်ပြီး အခုချိန်မှာတော့ နံပါတ် ၆ သမား ခေါ်ဖို့ လီဗာပူးက ထပ်မံ ကြိုးစားလာတော့မှာပါ။

လီဗာပူးအသင်းဟာ စီးရီအေလိဂ်က ကွင်းလယ် နံပါတ် ၆ သမားတွေနဲ့ သတင်းထွက်ထားသလို အသင်းဟာ ၂၄ နှစ်အောက်နဲ့ အတွေ့အကြုံရှိ ကစားသမားထဲက ခေါ်ယူမယ်လို့ ကြိုသိထားရတာ ဖြစ်ပါတယ်။