ဇူဘီမန်ဒီ၊ အီဒါဆန်၊ အူဂါတီ အပါအဝင် နံပါတ် ၆ နေရာအတွက် လီဗာပူးအသင်း ခေါ်ယူဖွယ် ရှိသူများ

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပြင်ပကနေ နံပါတ် ၆ နေရာ အထူးပြုကစားသမားသူ တစ်ဦး ခေါ်ယူတော့မှာပဲ ဖြစ်ပါတယ်။ ဒါကတော့ ဥရောပ ထိပ်သီးလိဂ်တွေမှာ ကစားနေသလို အသင်းခေါ်ယူနိုင်ချေရှိတဲ့ ကွင်းလယ် နံပါတ် ၆ ကစားသမားတွေပါ။

ဇူဘီမန်ဒီ

အသက် ၂၅ နှစ်အရွယ် စပိန်သားဟာ လာလီဂါကလပ် ရီးရဲလ်ဆိုစီဒက်အတွက် ကစားပေးနေသူပါ။ အာဆင်နယ်နဲ့ ယူနိုက်တက်တို့ကလည်း စိတ်ဝင်စားမှု ပြသထားပြီး သူ့ကို ခေါ်ယူလိုရင် ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ ပေးရနိုင်ကြောင်း The Athletic က ဖော်ပြဖူးပါတယ်။

အီဒါဆန်

LFCThaDin ဖတ်ရှုသူတွေအတွက် သူ့အကြောင်း မကြာခဏ ဖော်ပြဖူးပါတယ်။ အသက် ၂၅ နှစ်အရွယ် ဘရာဇီးသားက အတ္တလန်တာအသင်းမှာ ကစားနေတာဖြစ်ပြီး ရစ်ချက်ဟုချ်ဟာ စီးရီအေဘောလုံးအကြောင်း ကောင်းစွာ သိနားလည်သူဖြစ်ပါတယ်။ လီဗာပူးက သူ့ကို ယူရို ၄၅ သန်းဖြင့် ကမ်းလှမ်းမယ်လို့ အမေရိကန် ရာသီကြို မတိုင်ခင်က သတင်းထွက်ဖူးပါတယ်။

အူဂါတီ

အသက် ၂၃ နှစ်အရွယ် ဥရုဂွေးသားဟာ ဒါဝင် နူးညက်စ်ရဲ့ အသင်းဖော်ဖြစ်ပြီး ဒီနွေမှာပဲ ကစားသမားရဲ့ အေးဂျင့်က လီဗာပူးကို ဘာလို့ မရောက်နိုင်ရမှာလဲလို့ ထုတ်ပြောဖူးပါတယ်။ ပီအက်စ်ဂျီကတော့ မနှစ်က သူတို့ ခေါ်ယူစဉ် ပေးခဲ့ရတဲ့ ယူရို ၅၀-၆၀ သန်းကြား အလိုရှိပါတယ်။

အလန်ပါရဲရာ

ပေါ်တိုအသင်းမှ အသက် ၂၃ နှစ်အရွယ် အာဂျင်တီးနား ကွင်းလယ်ခံစစ်သမား အလန်ပါရဲရာ ကို လီဗာပူးအသင်းက စိတ်ဝင်စား စောင့်ကြည့်နေတဲ့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။ သူ့အသက်အရွယ်နဲ့ အတွေ့အကြုံက အသင်း ပေါ်လစီနဲ့ ကိုက်ညီပေမယ့် ဒီတလော သတင်းထူးတော့ မရှိပါဘူး။

မော်တန် ဟူမန်

အသက် ၂၅ နှစ်အရွယ် ဒိန်းမတ်သားဟာ လက်ရှိ စပို့တင်းမှာ ကစားနေပါတယ်။ အီတလီကလပ် Lecce အသင်းကနေ မနှစ်ကမှ စပို့တင်းကို ယူရို ၂၁ နဲ့ ပြောင်းခဲ့သူဖြစ်ပြီး ရစ်ချက်ဟုချ်က စီးရီးအေအကြောင်း ကောင်းစွာသိသူဖြစ်ကြောင်း ဖော်ပြပြီးပါပြီ။

ဖရန့်ဒရပ်

ဒိန်းမတ်သားဟာ အသက် ၂၃ နှစ်ပဲရှိသေးပြီး ကွင်းလယ်လူအပြင် ခံစစ် အစွန်မှာပါ ကစားနိုင်ပါတယ်။ လက်ရှိ စီးရီးအေကလပ် ဂျီနိုအာမှာ ကစားနေပါတယ်။