လီဗာပူး၊ ရီးရဲလ်ဆိုစီဒက်နဲ့ ဆူဘီမန်ဒီ အပြောင်းအရွှေ့ကိစ္စ နောက်ဆုံးရ အခြေအနေ

လီဗာပူးအသင်းဟာ ရီးရဲလ်ဆိုစီဒက်ကနေ ကွင်းလယ်လူ ဆူဘီမန်ဒီကို ခေါ်ယူနိုင်ရေး တွန်းအားပေး လှုပ်ရှားနေပြီး အပြောင်းအရွှေ့ဖြစ်မြောက်မယ် ယုံကြည်ချက်ရှိနေပြီလို့ The Times သတင်းမှ နာမည်ကျော် လီဗာပူး သတင်းထောက် Paul Joyce က အတည်ပြုပါတယ်။

အာနယ် ဆလော့ဟာ ကွင်းလယ်ကို အင်အားဖြည့်ရေး အားထုတ်ပေးဖို့ အသင်းကို တောင်းဆိုထားသလို ပွဲတွေမှာ ကွင်းလယ်ကို ပိုထိန်းချုပ်နိုင်မယ့် ကစားသမားမျိုး အလိုရှိနေခဲ့ရာက အသက် ၂၅ နှစ်အရွယ် ကစားသမားဘက် ဦးလှည့်လာခဲ့တာပါ။

ဆူဘီမန်ဒီနဲ့ နီးစပ်သူတွေကတော့ ကစားသမားက ဒီအပြောင်းအရွှေ့ကို လက်ခံဖို့ သဘောတူမှာဖြစ်ကြောင်း ဆိုစီဒက်စ်ဘက်က မျှော်လင့်ထားပါတယ်။ ဆူဘီမန်ဒီကို လီဗာပူးဘက်က သဘောကျ ခေါ်ယူလိုကြောင်းကိုလည်း အစောတည်းက လာလီဂါကလပ် သတိထားမိထားပါတယ်။

လီဗာပူးဘက်က ဆူဘီမန်ဒီရဲ့ စာချုပ်ပါကြေး ယူရို သန်း ၆၀ ကို ပေးချေဖို့ ညှိနှိုင်းရမှာဖြစ်ပြီး အဲ့ထက် ပိုနည်းတဲ့ ကမ်းလှမ်းမှုတွေကို လာလီဂါကလပ်ဘက်က လက်ခံပေးမှာ မဟုတ်ပါဘူး။

ဆိုစီဒက်စ်ဟာ ဒီနွေမှာ အဓိက ကစားသမားတွေကို လက်လွတ်ပေးရမယ့် အရေး ရင်ဆိုင်နေရပေမယ့် ကစားသမားဘက်က အင်္ဂလန်ကို ပြောင်းခွင့်တောင်းလာခဲ့ရင် လက်ခံပေးမှာဖြစ်တယ်။

ဇူဘီမန်ဒီ အပြောင်းအရွှေ့ ဖြစ်လာခဲ့ရင် ဒါဟာ ဇာဗီ အလွန်ဆိုနောက်ပိုင်း ဆယ်စုနှစ် ၂ ခုနီးပါးအကြာမှာ အင်္ဂလန်ကလပ်နဲ့ လာလီဂါကလပ်ကြား တိုက်ရိုက် အပြောင်းအရွှေ့ ပြန်ဖြစ်လာခြင်း ဖြစ်ပါလိမ့်မယ်။

နံပါတ် ၆ သမားအသစ် လိုချင်နေတဲ့ လီဗာပူးဟာ ဇူဘီမန်ဒီကို A အဆင့် ဒါမှမဟုတ် tier 1 အဆင့် ကစားသမားအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။