

လီဗာပူးအသင်းဟာ လာလီဂါကလပ် ရီးရဲလ်ဆိုစီဒက် ကွင်းလယ်လူ ဇူဘီမန်ဒီကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက်ရှိနေပါတယ်။
ဇူဘီမန်ဒီကို ခေါ်ယူရေးက ထင်သလောက်တော့ လွယ်ကူမှာ မဟုတ်ဘဲ ကစားသမားဟာ အာဆင်နယ်နဲ့ ယူနိုက်တက်တို့ရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ဖူးတယ်လို့ လာလီဂါသတင်းထောက် အချို့က မှတ်ချက်ပေးပါတယ်။
နံပါတ် ၆ နေရာအတွက် လီဗာပူးရဲ့ အခြားပစ်မှတ်တွေက ပေါ်တိုမှ အလန်ပါရဲရာနဲ့ ဘင်ဖီကာမှ ဖလော်ရန်တီနို လူးဝစ်တို့လည်း ပါဝင်ပါတယ်။
လီဗာပူးအသင်းက ပေါင် ၂၅ သန်းဝန်းကျင် ပေးချေရမယ့် ဗလန်စီယာဂိုးသမား Mamardashvili ကို ခေါ်ယူဖို့ ပြင်ဆင်နေပြီလို့ လာလီဂါသတင်းထောက်တွေက ဖော်ပြနေပါတယ်။
အသင်းဘက်က ကစားသမား ရောင်းချမှုအချို့ကို ချိန်သားကိုက် လုပ်ဆောင်ဖွယ်ရှိကာ ပေါင် သန်း ၂၀ စျေးခေါ်ထားတဲ့ တေလာ မော်တန်ကို လိုက်ဇစ်နဲ့တကွ ကလပ်အချို့က စိတ်ဝင်စားနေဆဲပါ။
ဒီနွေမှာ လီဗာပူးကနေ လူးဝစ် ဒီယက်စ် ထွက်ခွာဖွယ် မရှိသလို တိုက်စစ်သမား ၅ ဦးလုံး အသင်းမှာပဲ ဆက်ရှိနေကြဖွယ် ရှိပါတယ်။
နယ်သာလန်ကလပ် ပီအက်စ်ဗီအသင်းဟာ ဗန်ဒန်ဘတ်ကို ခေါ်ယူရေး ကြိုးစားမှုကနေ လုံးဝကြီး နောက်ဆုတ်သွားတာ မဟုတ်ဘဲ စျေးကွက် နောက်ဆုံး အချိန်မှာ ကမ်းလှမ်းမှု လုပ်လာနိုင်ပါတယ်။
အမေရိကန်ရာသီကြိုမှာ ကာဗာရိုရဲ့ တိုးတက်မှုကို လီဗာပူးနည်းပြအဖွဲ့က သဘောကျမှု ရှိထားပြီး အသင်းမှာ ဆက်ထိန်းထားဖွယ် ရှိပါတယ်။
လီဗာပူးအသင်းဟာ ကွင်းလယ်မှာ ဇူဘီမန်ဒီကို ခေါ်ယူခြင်းနဲ့ အပြီးသတ်ဖို့ မရှိဘဲ နောက်ထပ် ခေါ်ယူမှုတွေ ထပ်လုပ်လိမ့်မယ်လို့ ရိုမန်နိုက ပြောလာပါတယ်။
လီဗာပူး ယူ-၂၁ အသင်းက အစ်ဝစ်ချ်အသင်းကို ၅-၂ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဗန်ဒုတ်နဲ့ တေလာ မော်တန်တို့ ပါဝင်ကစားခဲ့ပါတယ်။
ခံစစ်မှူး ကွမ်းဆက်ဟာ ကလပ်ဂန္တဝင်ကြီး ကာရေဂါရဲ့ ကျောနံပါတ်ဖြစ်တဲ့ နံပါတ် ၂၃ ကို ဆက်ခံဖွယ်ရှိကြောင်း သတင်းထွက်နေပါတယ်။