NEWS: ဇူဘီမန်ဒီကို ခေါ်နိုင်ဖို့ ဆက်ကြိုးစားနေ၊ ကစားသမား အလဲအထပ် လုပ်ပေးမည် မဟုတ်

လီဗာပူးအသင်းဟာ ရီးရဲလ်ဆိုစီဒက်ကနေ ဇူဘီမန်ဒီကို ခေါ်ယူနိုင်ရေး ဆက်လက် ကြိုးစားနေဆဲဖြစ်ကြောင်း The Athletic သတင်းထောက် David Ornstein က အသိပေးလာပါတယ်။

ဒီနွေမှာ ဇူဘီမန်ဒီကိုရဖို့ လီဗာပူးဘက်က ကြိုးစားလာခြင်းကြောင့် ကစားသမားက မာဆေးဆိုဒ်ကလပ်ကို ပြောင်းရွှေ့ရေး လက်ခံသွားနိုင်ချေ ရှိတယ်လို့ ဆိုစီဒက်ဘက်က မျှော်လင့်ထားပေမယ့် ကစားသမားဟာ အခုချိန်ထိ နောက်ဆုံး ဆုံးဖြတ်ချက်ကို မလုပ်ရသေးပါဘူး။

ကလပ် နှစ်သင်းကြားမှာ ဇူဘီမန်ဒီအတွက် ပြောင်းရွှေ့ကြေးအဖြစ် စာချုပ်ပါကြေး ယူရို သန်း ၆၀ ကို အသက်သွင်းမလား သဘောတူညီမှုရဖို့ လိုနေသေးသလို လာလီဂါကလပ်ဘက်က ငွေပေးချေမှု တစ်ကြိမ်တည်းနဲ့ အပြတ်ရလိုနေပါတယ်။

လီဗာပူးဘက်က အားထုတ်မှု နှောင့်နှေးနေခြင်းဟာ အပြောင်းအရွှေ့အတွက် ငွေပေးချေမှုပုံစံကို ပြင်ဆင်နေခြင်းကြောင့် ဒါမှမဟုတ် ဆိုစီဒက်ဘက်က သူတို့ရဲ့ ငယ်မွေးခြံပေါက် ကစားသမားကို မထွက်ခွာဖို့ ကြိုးစား တားဆီးနေခြင်းကြောင့် ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဇူဘီမန်ဒီကို ရဖို့ အလဲအထပ် သဘောဖြင့် ဆိုစီဒက်ကို ကစားသမား တစ်ဦး ပြန်ရောင်းချပေးဖို့ ကိစ္စမျိုး လက်တလော စကားပြောဆိုနေခြင်း မရှိပါဘူး။

ဟန်ဒါဆန်၊ ဖာဘင်ညိုတို့ ထွက်ခွာသွားတဲ့နောက် သီယေဂိုပါ မရှိတော့တဲ့ ကွင်းလယ် နံပါတ် ၆ နေရာမှာ လူသစ်ခေါ်ယူရေးဟာ လီဗာပူးရဲ့ ဦးစားပေးပဲ ဖြစ်ပါတယ်။