ကွင်းလယ်လူရမယ် ယုံကြည်ချက် ရှိနေခြင်း၊ တနင်္ဂနွေနေ့ ခြေစမ်းပွဲ ၂ ပွဲ၊ အင်္ဂလန်နည်းပြဖြစ်လာတဲ့ ဟာဗေးပရိသတ်ကြီးနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

လီဗာပူးဘက်ခြမ်းမှာတော့ ကွင်းလယ်လူ ဇူဘီမန်ဒီကို ခေါ်ယူနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်တွေ အပြည့်ရှိနေဆဲဖြစ်ပါတယ်။

ကွင်းလယ်လူ ဇူဘီမန်ဒီက လီဗာပူးရဲ့ ကမ်းလှမ်းမှုဟာ ဘဝမှာ တစ်ကြိမ်ပဲရနိုင်တဲ့ အခွင့်အရေးအဖြစ် မြင်ထားပြီး ဒီအပြောင်းအရွှေ့ကို လက်ခံလိုကြောင်း ကစားသမားနဲ့ နီးစပ်သူတွေက မှတ်ချက်ပေးနေပါတယ်။

ရစ်ချက်ဟုစ်ချ် ဦးဆောင်နေတဲ့ ဇူဘီမန်ဒီကို ခေါ်ယူရေး ပရော်ဂျက်မှာ နည်းပြအာနယ်ဆလော့ ဝင်ပါနေပါပြီ။

လီဗာပူးအသင်းဟာ ဒီနွေစျေးကွက်အတွင်း ဇူဘီမန်ဒီကို ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ အသင်းတွေထဲမှာ ဘဏ္ဍာရေး အဆင်အပြေဆုံးအသင်းဖြစ်ပြီး စာချုပ်ပါကြေး ယူရို သန်း ၆၀ ကို ပေးချေနိုင်စွမ်းရှိပါတယ်။

လီဗာပူးရဲ့ နွေခေါ်ယူအားဖြည့်မယ့် နေရာတွေဟာ ကွင်းလယ်နဲ့တင် ရပ်တန့်နေမှာ မဟုတ်ဘဲ ၃ ပတ်အတွင်း ခံစစ်နဲ့ တိုက်စစ်အတွက်လည်း သတင်းထူးတွေ ရလာနိုင်ပါသေးတယ်။

အယ်လီဆန်နေရာ ရေရှည်အစားထိုးဖို့ လီဗာပူးဘက်က မာမာဒါရှီဗီလီကို စိတ်ဝင်စားနေဆဲပါ။ ဂျော်ဂျီယာ ဂိုးသမားကို ခေါ်ယူပြီးရင် အတွေ့အကြုံပိုင်းအတွက် အင်္ဂလန်ကလပ် တစ်သင်းထံ အငှားပြန်ချဖို့ အသင်းဘက်က စိတ်ဝင်စားထားပါတယ်။

ဒီအပတ် တနင်္ဂနွေနေ့မှာ ၇ နာရီအတွင်း ခြေစမ်းပွဲ ၂ ပွဲကို လီဗာပူးအသင်း ကစားပါမယ်။ အန်ဖီးမှာ ဆီးဗီးလာနဲ့ ယှဉ်ပြိုင်ဖို့ရှိကာ လားပါမက်စ်ပွဲကတော့ ကွင်းပိတ်ပွဲဖြစ်ပါတယ်။

ဆီးဗီးလာပွဲမှာ အဓိက ကစားသမားတွေကို မြင်ရဖို့ရှိပြီး ပွဲချိန် မရခဲ့သူတွေကို လားပါမက်စ်ပွဲမှာ ဆက်တိုက် ကစားစေဖို့ ရည်ရွယ်ထားပါတယ်။

အယ်လီဆန်ဟာ အက်ဆာလေ့ကျင့်ရေးကို ပြန်ရောက်နေပြီဖြစ်ကာ ရာသီကြို ပြင်ဆင်မှုတွေမှာ ပါဝင်နေပါပြီ။

အင်္ဂလန်အသင်း ယာယီနည်းပြဖြစ်လာတဲ့ ယူ-၂၁ နည်းပြ လီကာစလေဟာ ဟာဗေး အယ်လီးယော့ အမာခံပရိသတ်ဖြစ်တာက ကွင်းလယ်လူအတွက် ကံကောင်းခြင်း ဖြစ်လာဖွယ် ရှိပါတယ်။

ဆပ်ဗန်ဒန်ဘတ်ကို ခေါ်ယူလိုတဲ့ ကလပ် ၁၁ သင်းထိ ရှိလာနေပြီး ဒီနွေမှာ သူ့ရဲ့ အပြောင်းအရွှေ့က ဖြစ်လာဖွယ်ရှိနေဆဲပါ။

အန်ဖီးကွင်းရဲ့ ပရိသတ်ဝင်ဆံ့နှုန်းဟာ ရာသီသစ်ကစလို့ ၆၂၀၀၀ နီးနီးဖြစ်လာသလို ပရီးမီးယားလိဂ်မှာ စတုတ္ထမြောက် အကြီးဆုံးကွင်းလည်း ဖြစ်လာပါမယ်။