ဘော်ဘီ ကလက်၊ ဂေါ်ဒန်တို့ ထွက်ဖို့ နီးစပ်နေခြင်း၊ ခြေစမ်းပွဲ ၂ ပွဲနဲ့ ရိုဘို လေ့ကျင့်ရေး ပြန်ဝင်ခြင်း အပါအဝင် လီဗာပူး နံနက်ခင်း သတင်းတိုများ

ဒီကနေ့ အန်ဖီးမှာ လီဗာပူးအသင်းဟာ ဆီးဗီးလာ၊ လာပါမက်စ်အသင်းတို့နဲ့ ခြေစမ်းပွဲ ဆက်တိုက်ကစားမှာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ကွင်းလယ်လူ ကာဗာရိုကို ဘရန့်ဖိုဒ့်အသင်းထံ ပေါင် ၂၇.၅ သန်းဖြင့် ရောင်းချခဲ့ပြီဖြစ်ကာ ၂ ရာသီအတွင်း ပေါင် သန်း ၂၀ နီးပါး အမြတ်အစွန်း ရခဲ့ပါတယ်။

အကယ်ဒမီကြယ်ပွင့် ဘော်ဘီကလက်ဟာ ဆဲလ်ဘတ်အသင်းထံ အပြီးသတ် ပြောင်းရွှေ့သွားဖို့ နီးစပ်နေပါပြီ။ လီဗာပူးဘက်က ပေါင် ၁၂ သန်း စျေးခေါ်ထားတာ ဖြစ်ပါတယ်။

စပါးအသင်းကို ဆိုလန်ကီ ပြောင်းရွှေ့သွားတဲ့နောက် လီဗာပူးအသင်းဘက်က ၂၀၁၉ ခုနှစ် စာချုပ်အရ ပေါင် ၉ သန်း ဝန်းကျင် ရရှိပါမယ်။

လူငယ် တိုက်စစ်သမား ဂေါ်ဒန်ဟာ ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးအသင်းထံ အငှားဖြင့် ရောက်ရှိသွားတော့မှာပါ။

ဆိုစီဒက်ဘက်က ဇူဘီမန်ဒီအတွက် စာချုပ်သစ် ကမ်းလှမ်းမှုပေးထားပြီး လီဗာပူးပေးမယ့် စာချုပ်ထက် ခံစားခွင့် အများကြီး လျော့နည်းပါတယ်။

လူငယ် ဘယ်အစွန်လူ လုခ်ချမ်ဘာဟာ ဝီဂန်အသင်းမှာ ပွဲထွက်ကနေ စပါခွင့်ရခဲ့ပြီး ညာအစွန်လူ ကယ်ဗင်ရမ်ဆေးကတော့ လူစားဝင်အဖြစ် ကစားခွင့်ရခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေးမှာ rondo ကစားခြင်းကို နည်းစနစ် အနည်းငယ် ပြောင်းလဲထားပြီး ကောင်တာ ပြန်စရေးထက် ပေးချက်တွေနဲ့ ဘောလုံးလမ်းကြောင်း ဖွင့်ဖို့ ပိုအကျိုးဖြစ်စေဖို့ ရည်ရွယ်ပါတယ်။

ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ရော်ဘတ်ဆန်ဟာ အသင်းရဲ့ လေ့ကျင့်ရေးတွေမှာ ပြန်လည် ပူးပေါင်းနေပါပြီ။

လီဗာပူးအသင်း နောက်ဆုံးလုပ်ထားတဲ့ လေ့ကျင့်ရေးမှာ စီနီယာကစားသမား အားလုံး ကြံ့ခိုင်မှု အပြည့်ဖြင့် လေ့ကျင့်ရေး ဝင်ခဲ့ကြပါတယ်။

အက်ဆာရဲ့ ဝင်ပေါက်နားမှာ ‘coffee bar’ အသစ်ဖွင့်လိုက်ပြီဖြစ်ကာ ကစားသမားတွေအတွက် သက်သောင့်သက်သာရှိစေမယ့် နေရာတစ်ခု ဖန်တီးပေးထားတာ ဖြစ်ပါတယ်။