

လီဗာပူးအသင်းဘက်က လာလီဂါကလပ် ဆိုစီဒက် ကွင်းလယ်လူ ဇူဘီမန်ဒီကို အနာဂတ်ကိစ္စ အမြန်ဆုံးဖြတ်ပေးဖို့ အသိပေးလိုက်ပြီဖြစ်ပါတယ်။
လက်ရှိအချိန်ထိ ဆိုစီဒက်နဲ့အတူ ရာသီကြို ပြင်ဆင်နေဆဲ ဇူဘီမန်ဒီဟာ အသင်းပြောင်းမလား စပိန်ကလပ်မှာ ဆက်နေမလား မဆုံးဖြတ်ရသေးပါဘူး။
တနင်္လာနေ့ မနက်မှာလည်း ဇူဘီမန်ဒီဟာ ဆိုစီဒက်အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပါဝင်နေခဲ့ပါတယ်။
Martin Zubimendi trains today with Real Sociedad as his future remains undecided. pic.twitter.com/Duci2IUNPe
— DaveOCKOP (@DaveOCKOP) August 12, 2024
အချိန်တွေ အရမ်းမကြာချင်တော့တာကြောင့် ဒီအပတ် ဗုဒ္ဓဟူးနေ့ နောက်ဆုံးထားပြီး အနာဂတ်ကိစ္စ ဆုံးဖြတ်ပေးဖို့ လီဗာပူးဘက်က ကစားသမားကို အသိပေးလိုက်ပြီဖြစ်ပါတယ်။ ကစားသမားဘက်က ဒီရက်ပိုင်းမှာပဲ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြောပေးရတော့မှာပါ။
နောက်ဆက်တွဲအဖြစ် ရီးရဲလ်ဆိုစီဒက်အသင်းဟာ ဇူဘီမန်ဒီနဲ့ မော်ရီနိုတို့ရဲ့ အနာဂတ်ကို ဖြေရှင်းမပြီးမချင် ကစားသမားအားလုံးအတွက် သတင်းမီဒီယာတွေရဲ့ တောင်းဆိုမှုတွေကို ဖြေကြားမှု လုပ်ပေးတော့မှာ မဟုတ်ပါဘူး။
ဒီကနေ့ည ဒါမှမဟုတ် မနက်ဖြန်လောက်မှာ ဆူဘီမန်ဒီဘက်က တစ်ခုခု အချက်ပေးဖွယ်ရှိကာ အကောင်းမြင်စရာ ကိစ္စ ဖြစ်လာမယ်လို့ လီဗာပူးဘက်က မျှော်လင့်ထားကြောင်း အသင်းနဲ့ နီးစပ်သူတွေက ဖော်ပြလာနေပါတယ်။