BREAKING: ဘော်ဘီကလက်အတွက် ဆဲလ်ဘတ်ဘက်က တတိယ ကမ်းလှမ်းမှု ပေးလာပါပြီ

ရတ်ဘူးဆဲလ်ဘတ်ဟာ ဘော်ဘီကလက်အတွက် တတိယမြောက် ကမ်းလှမ်းမှု ပေးလာခဲ့ပြီဖြစ်ကာ ကလပ်တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ နီးစပ်ကြောင်း The Times သတင်းထောက် Paul Joyce က ဖော်ပြလာပါတယ်။

တနင်္ဂနွေနေ့တုန်းကပဲ ဆဲလ်ဘတ်ဘက်က ပေါင် ၈ သန်း ဝန်းကျင်ဖြင့် ဒုတိယအကြိမ် ကမ်းလှမ်းပေမယ့် လီဗာပူးက ပယ်ချခဲ့တာပါ။ ဩစတြီးယားကလပ်ဟာ သူတို့ရဲ့ ကြိုးစားလိုမှုကို မရပ်တန့်ခဲ့ပါဘူး။

ပက်လင်ဒါး နည်းပြအဖြစ် ကိုင်တွယ်နေပြီး လီဗာပူးအသင်းရဲ့ ပထမအသင်းဆိုင်ရာ တိုးတက်ရေးနည်းပြဟောင်း ဗစ်တာမာတိုစ့်က လက်ထောက်အဖြစ် တာဝန်ယူနေတဲ့ ဆဲလ်ဘတ်ဟာ ကလက်ကို အဓိက ပစ်မှတ်အဖြစ် ခေါ်ယူလိုနေတာပါ။

ပက်လင်ဒါးတို့က ချန်ပီယံလိဂ် ကစားခွင့်နဲ့အတူ ဘော်ဘီကလက်ကို စည်းရုံးဖွယ်ရှိကာ ဆဲလ်ဘတ်ရဲ့ တတိယ ကမ်းလှမ်းမှုက ပေါင် ၁၀ သန်း ဝန်းကျင်မှာ ရှိထားပါတယ်။

ကလက်ကို ခေါ်ယူလိုနေတဲ့ ပရီးမီးယားလိဂ် ၂ သင်းလောက် ရှိနေသေးပြီး အသင်းဟောင်း နယူးကာဆယ်ကလည်း သူတို့ ကစားသမားဟောင်းကို ပြန်ခေါ်လိုနေပါတယ်။ လက်တလောမှာတော့ ဆဲလ်ဘတ်ကပဲ ရေပန်းအစားဆုံးဖြစ်ပါတယ်။

လီဗာပူး ဘယ်အစွန်လူ အိုဝင်ဘက်ကို ကျူပီအာနဲ့ လိစ်ဒ်တို့က အငှားနဲ့ခေါ်ယူလိုပြီး ဆဲလ်တစ်က အပြီးသတ်ခေါ်ယူလိုနေကာ အခုထိတော့ သဘောတူညီမှု မရသေးဘူးလို့ သိရပါတယ်။