စပိန် ကွင်းလယ်လူ ဇူဘီမန်ဒီဟာ လီဗာပူးထံပြောင်းလာဖို့ သဘောတူခဲ့ပြီးမှ စိတ်ပြောင်းသွားကာ ဆိုစီဒက်မှာပဲ ဆက်နေမယ်လို့ အသင်းကို အသိပေးခဲ့ပါတယ်။
ဒီအပတ် တနင်္လာနေ့မှာပဲ ဇူဘီမန်ဒီက အန်ဖီးကို ပြောင်းလာဖို့ကိစ္စ သူစိတ်ပြောင်းသွားပြီဖြစ်ကြောင်း လီဗာပူးအားကစားဒါရိုက်တာ ရစ်ချက်ဟုချ်ကို အသိပေးခဲ့ပါတယ်။
ကစားသမားရဲ့ ကတိစကား မတည်ဘဲ အပြောင်းအရွှေ့ မလုပ်တော့ဘူးလို့ အကြောင်းကြားမှုဟာ ရစ်ချက်ဟုချ်ကို ဒေါသထွက်စေခဲ့ပါတယ်။ လီဗာပူးအားကစားဒါရိုက်တာက ဇူဘီမန်ဒီဟာ သူ့ကို ခေါ်ယူပေးဖို့ ပြတ်ပြတ်သားသား သဘောတူပေးထားတယ်လို့ ယုံကြည်ခဲ့တာပါ။
လီဗာပူးအသင်း တရားဝင် ချိတ်ဆက်မှု မလုပ်ခင် လွန်ခဲ့တဲ့ ၂ ပတ် တည်းက ကစားသမားဟာ ဒီနွေမှာ အသင်းပြောင်းလာမယ့်အကြောင်း ရစ်ချက်ဟုချ်တို့ကို Yes လို့ သဘောတူညီမှု ပေးထားခဲ့ကြောင်း စပိန်သတင်းထောက်တွေကလည်း အတည်ပြုပါတယ်။
၂၀၀၅ ခုနှစ်တုန်းက ချယ်ဆီးထံ ပြောင်းရေး စတီဗင်ဂျရတ် ဆုံးဖြတ်ချက် ပြန်ပြင်ခဲ့သလိုပဲ ဆိုစီဒက်အသင်းဘက်က တားဆီးချိန်မှာ ငယ်မွေးခြံပေါက် အသင်းအပေါ် ချစ်ခင်စိတ်နဲ့ ဇာတိမြေကို ချစ်ခင်စိတ်တေါကြောင့် စွန့်ခွာခြင်း မလုပ်တော့ဖို့ ဆူဘီမန်ဒီဘက်က ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဇူဘီမန်ဒီကို မခေါ်နိုင်ပေမယ့် အခြားသော နံပါတ် ၆ သမား တစ်ဦး ခေါ်ယူဖို့ လက်တလော ရွေးချယ်ထားခြင်း မရှိပါဘူး။
ကွင်းလယ် နံပါတ် ၆ အတွဲအဖြစ် မာကာကို ပင်တိုင်ထားကာ ဂရာဗင်ဘက်ချ်၊ ကာတစ်ဂျုံးတို့ကို တွဲပေးစေဖို့အပြင် လိုအပ်လာရင် ဆိုဘိုစလိုင်၊ ထရန့်တို့ကိုလည်း အဆိုပါနေရာ ထားနိုင်မယ်လို့ လီဗာပူးဘက်က မြင်ထားပါတယ်။