ဗလန်စီယာဂိုးသမားသတင်း ငြင်းဆန်၊ ဗန်ဒန်ဘတ်ကို ခေါ်ယူရေး ပီအက်စ်ဗီ နောက်ဆုတ်၊ ဘာစတိုနီကို စိတ်မဝင်စားခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

အစ်ဝစ်ချ်အသင်းနဲ့ပွဲစဉ်ကို ဒိုင်လူကြီးအဖြစ် Tim Robinson ကိုင်မှာဖြစ်ကာ VAR ဒိုင်ကတော့ Stuart Attwell ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဇူဘီမန်ဒီ အပြောင်းအရွှေ့ ကိစ္စ ညိနှိုင်းနေစဉ် ဘာ့ဂျ်ဆဲတစ်ကို အငှားချပေးဖို့ပါ ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

စပိန်သတင်းဌာနတွေကတော့ လီဗာပူးနဲ့ ဗလန်စီယာဂိုးသမားအကြောင်း စျေးနှုန်း ၂ ကြိမ် ညိနှိုင်းနေကြောင်းထိပါ ဖော်ပြနေပေမယ့် အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက်တွေကတော့ ငြင်းဆန်ထားပါတယ်။

လီဗာပူးအသင်းဟာ ကွင်းလယ်ခံစစ်နေရာ အားဖြည့်ဖွယ် မရှိတော့ဘဲ အခြားသော နေရာတွေကိုပဲ ပြောင်းလဲ ချိတ်ဆက်သွားဖွယ် ရှိပါတယ်။

လီဗာပူးသတင်းထောက် အချို့က အသင်းဟာ ဒီယက်ဇ်ကို လက်လွတ်မှာ မဟုတ်ဘူးလို့ ဖော်ပြပြီး အချို့ကတော့ ကိုလံဘီယာတိုက်စစ်သမားအတွက် စာချုပ်ကောင်းရရင် နားထောင်ပေးလိမ့်မယ်လို့ ဖော်ပြနေပါတယ်။

ကူးမက်စ်ဟာ စတုတ်အသင်းအတွက် ပွဲထွက်ကစားမှု စလုပ်ခဲ့ပြီဖြစ်ကာ ၇၅ မိနစ်ကြာ ပါဝင်ကစားခဲ့ပါတယ်။

ပီအက်စ်ဗီအသင်းဟာ ဗန်ဒန်ဘတ်ကို ခေါ်ယူရေးအတွက် လက်လျော့သွားပါပြီ။ လီဗာပူးအသင်းဟာ နယ်သာလန်သားအတွက် ပေါင် သန်း ၂၀ ကို စျေးချပေးဖို့ အစီအစဉ် မရှိပါဘူး။

လီဗာပူးအသင်းဟာ ဒီနွေစျေးကွက်မှာ တိုက်စစ်သမား ဗန်ဒုတ်ကို အငှားဖြင့်ကော အပြီးသတ်ပါ ထွက်ခွင့်ပေးဖို့ စဉ်းစားပေးမှာပါ။

ဒီနွေမှာ အင်တာမီလန်ခံစစ်သမား ဘာစတိုနီကို လီဗာပူးအသင်း ခေါ်ယူမယ်လို့ သူ မထင်ကြောင်းနဲ့ အဲ့သတင်းက မမှန်ကန်နိုင်ပါဘူးလို့ David Lynch က ပြောပါတယ်။

ယူနိုက်တက် တိုက်စစ်သမား ရက်ဖိုဒ့်က အိုးထရတ်ဖိုဒ့်ပြင်ပမှာ အကောင်းဆုံး ကွင်းကို ရွေးချယ်ရာမှာ အန်ဖီးကွင်းကို ရွေးခဲ့ပါတယ်။

အသင်းဟာ အရေးကြီးကိစ္စ တစ်ခုအဖြစ် ထရန့်ကို ဆက်ထိန်းရေး အားထုတ်ရမယ့် ကိစ္စကို အခုချိန်ထိ စတင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ချန်ပီယံရှစ်ကလပ် ကျူပီအာအသင်းဟာ ဘယ်အစွန်လူ အိုဝင်ဘက်ကို တစ်ရာသီ အငှားဖြင့် ခေါ်ယူလိုနေပါတယ်။