အစ်ဝစ်ချ်ပွဲအတွက် ပြင်ဆင်နေခြင်း၊ နွေစျေးကွက်ကနေ လူသစ်ခေါ်ယူနိုင်သေးလား သတင်းထောက်ရဲ့ ဖြေဆိုချက်နဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

ဗန်ဒုတ်၊ ဂေါ်ဒန်၊ မက်ကော်နယ်တို့ဟာ ယူ-၂၁ အသင်းထံ ပြန်ရောက်သွားပြီဖြစ်ကာ မော်တန်၊ ဘာ့ဂျ်ဆဲတစ်နဲ့ နိုင်ယွန်နီတို့ကတော့ စီနီယာအသင်းနဲ့အတူ ဆက်လက် လေ့ကျင့်နေပါတယ်။

ပြီးခဲ့တဲ့ ၂ ရာသီမှာ မန်စီးတီး၊ အာဆင်နယ်တို့နဲ့ ကွာဟသွားမှုကို ပြန်ကျဉ်းမြောင်းအောင် အားထုတ်ဖို့ လီဗာပူးအသင်း ကြိုးစားနေကြောင်း နည်းပြအာနယ်က ပြောပါတယ်။

စျေးကွက် မပိတ်ခင် ၂ ပတ်အတွင်း လီဗာပူးအသင်း လူသစ် ခေါ်ယူဖို့ အခွင့်အလမ်းတွေ ရှာနေဆဲလို့ အပြောင်းအရွှေ့ သတင်းထောက် ရိုမန်နိုက ပြောပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ပေါမာဆန်က ဗန်ဒိုက်နဲ့ ဆာလာတို့ကို တစ်ရာသီလုံး လီဗာပူး သုံးနိုင်မှာ မဟုတ်ဘဲ အစားထိုးမှု မလုပ်ထားရင် သူတို့ မကစားနိုင်ချိန် အားပျော့သွားလိမ့်မယ်လို့ သုံးသပ်ပါတယ်။

အစ်ဝစ်ချ်ပွဲအတွက် လီဗာပူးကွင်းလယ်မှာ ဆိုဘိုစလိုင်၊ မက်ကယ်လစ္စတာနဲ့ ဂရာဗင်ဘက်ချ်တို့ ပွဲထွက်ခွင့်ရမယ်လို့ အသံထွက်လာပါတယ်။

ကာတာကလပ် Al-Arabi အသင်းက သူတို့အသင်း ကွင်းလယ်လူ ဗာရက်တီကို လီဗာပူးအသင်း ခေါ်ယူနိုင်ကြောင်း ကမ်းလှမ်းထားပါတယ်။ ပီအက်စ်ဂျီ ကစားသမားဟောင်းကို ခေါ်ယူနိုင်ကြောင်း ယူနိုက်တက်နဲ့ အခြားသော ကလပ်တွေထံလည်း လိုက်လံ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

ဥရောပထိပ်တန်းလိဂ် ၇ ခုမှာ ကလပ်အသင်း ​၁၃၂ သင်း ရှိပြီး အဲ့ထဲက ၁၃၁ သင်းဟာ ရာသီသစ်အတွက် လူသစ် ခေါ်ယူမှုတွေ ပြုလုပ်ထားပြီဖြစ်ပါတယ်။

ထရန့်ဟာ လီဗာပူးအသင်းအပေါ် လေးစားမှုထားမှာဖြစ်ပြီး သူ့ရဲ့ စာချုပ်ကိစ္စ အတင်းအဖျင်းတွေ ထွက်ပေါ်မလာဖို့ လူရှေ့မှာ စာချုပ်အကြောင်း စကားပြောမှာ မဟုတ်ပါဘူး။