ကမ္ဘာ့စံချိန်ချိုးတဲ့ နိုင်ယွန်နီ၊ အစ်ဝစ်ချ်ပွဲ ဖြစ်လာဖွယ် လူစာရင်း၊ ရစ်ချက်ဟုချ် ကြိုးစားနေကြောင်း အာနယ် ပြောလာခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဒီကနေ့ည မြန်မာစံတော်ချိန် ၆ နာရီမှာ လီဗာပူးအသင်းဟာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် ပထမဆုံး အမှတ်ပေးပွဲအဖြစ် အစ်ဝစ်ချ်အသင်း အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ပါမယ်။

နည်းပြအာနယ် ဆလော့က ရစ်ချက်ဟုချ်ဟာ လူသစ်ခေါ်ယူနိုင်ရေး အားထုတ်နေဆဲပါလို့ အစ်ဝစ်ချ်ပွဲကြိုမှာ ပြောပါတယ်။

The Times သတင်းထောက် Paul Joyce က လီဗာပူးအသင်းဟာ ဒီနွေမှာ ကစားသမားသစ် တစ်ဦးမှ မခေါ်ယူတာမျိုး ဖြစ်နိုင်ပါကြောင်း သတင်းပေးလာပါတယ်။

လီဗာပူးအသင်းဟာ ဝုဗ်ဘယ်အစွန်လူ နိုရီကို ခေါ်ယူဖို့ မရှိသလို ဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ရဲ့ စာချုပ်ကိစ္စ တစ်ခုခု ဆုံးဖြတ်ထားပြီ မသေချာသေးကြောင်းလည်း သူက ဆက်ပြောပါတယ်။

လီဗာပူးအသင်းဟာ ဗလန်စီယာဂိုးသမား Mamardashvili ကို ယူရို သန်း ၄၀ ဖြင့် ခေါ်ယူနိုင်ခဲ့ရင် အသင်းအတွက် ချက်ခြင်း သုံးဖို့ မရှိဘဲ ၂ ရာသီ အငှားချမှာဖြစ်ပါတယ်။

လီဗာပူးကြယ်ပွင့်ဖြစ်တဲ့ အသက် ၁၇ နှစ်အရွယ် ကွင်းလယ်လူ နိုင်ယွန်နီဟာ post-bar-post စိန်ခေါ်မှုကို ၆.၂၀ စက္ကန့်ဖြင့် ကမ္ဘာ့စံချိန်ချိုးခဲ့ပါတယ်။ ယခင် စံချိန်ရှင်ဟောင်းက ဘိုင်ယန်ကြယ်ပွင့် Adin Ličina ဖြစ်ပြီး ၇.၇၂ စက္ကန့်နဲ့ စံချိန်တင်ထားတာပါ။

ယူနိုက်တက် ကစားသမားဟောင်း ဂျပ်စတမ်းက သူ့အတွက် အကောင်းဆုံး ခံစစ်သမားအဖြစ် ဖာဒီနန်နဲ့ ဗီဒစ်ကို ကျော်ပြီး ဗန်ဒိုက်ကို ရွေးချယ်သွားပါတယ်။

ဒီနေ့ညပွဲအတွက် လီဗာပူးလူစာရင်ဟာ အယ်လီဆန်၊ ထရန့်၊ ကွမ်းဆက်၊ ဗန်ဒိုက်၊ ကိုစတက်၊ မာကာ၊ ဆိုဘို၊ ဟာဗေး၊ ဒီယက်ဇ်၊ ဂျိုတာ၊ ဆာလာတို့ဖြစ်မယ်လို့ အသံထွက်နေပါတယ်။

ရိန်းဂျားတိုက်စစ်သမား Dessers က လီဗာပူးအသင်း ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် နည်းပြ ရုဘင်ပီတာစ့်ကို ချီးကျူးလိုက်ပြီး ကစားသမားတွေကို အမြဲတမ်း ကြံ့ခိုင်နေဖို့ လမ်းညွှန်နိုင်စွမ်း မြင့်မားသူလို့ မှတ်ချက်ပေးပါတယ်။