အစ်ဝစ်ချ်ပွဲအပြီး ပဲ့တင်သံအချို့၊ ယူအီးအက်ဖ်အေ အဆင့်သတ်မှတ်ချက် ၄ နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

အစ်ဝစ်ချ်ပွဲ ဒုတိယပိုင်းမှာတော့ နည်းပြအာနယ်ဟာ ခံစစ် ၄ ယောက်နဲ့ ကွင်းလယ် ၂ ယောက် ပေါင်းစပ်ကာ ကစားကွက် ဖန်တီးနေမှုကို လက်လျော့ပြီး ခံစစ် ၃ ယောက်တန်း ပုံစံမှာ ထရန့်ကို ကွင်းလယ်ဝင်စေတဲ့ ပုံစံကို ပြန်ပြောင်းခဲ့တာဖြစ်ပါတယ်။

အာနယ် ဆလော့ဟာ ၂၆ နှစ်အတွင်း ပထမဆုံးအဖြစ် လီဗာပူးနည်းပြဘဝ အဖွင့်ပွဲကို အနိုင်ရအောင် ကိုင်တွယ်နိုင်တဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်သွားပါတယ်။

အာနယ် ဆလော့က သူဟာ တစ်ဦးကောင်း အသင်းကို အယုံအကြည် မရှိဘဲ အသင်းလိုက် ကောင်းမှ နိုင်ပွဲရမယ်ဆိုတာမျိုးကိုပဲ ယုံကြည်ထားသူလို့ ထုတ်ပြောသွားပါတယ်။

ဆလော့ရဲ့ ကစားကွက်ဟာ ရိုးရှင်း ထိရောက်တယ်လို့ သုံးသပ်မှုတွေ ရှိနေပြီး အစ်ဝစ်ချ်ပွဲ အဖွင့်ဂိုးဟာဆိုရင် လေ့ကျင့်ရေးတွေမှာ အသင်းတိုင်း ကစားလေ့ရှိတဲ့ ပုံစံကို သက်ရောက်မှုကြီးကြီး လုပ်ပြသွားခြင်းလို့ ထောက်ပြနေကြပါတယ်။

အစ်ဝစ်ချ်ပွဲရဲ့ ပွဲထွက်လူစာရင်းမှာ ရော်ဘတ်ဆန်ရဲ့ ဘယ်ခြမ်းနေရာကို ထောက်ပြမှုတွေရှိနေပါတယ်။

အစ်ဝစ်ချ်ပွဲအပြီး ဗန်ဒိုက်ရဲ့ ပိုစ့်အောက်မှာ ထရန့်က တောင်တန်းဆိုတဲ့ အီမိုဂျီကို မန့်ခဲ့ပါတယ်။ ဒါဟာ ဇူဘီမန်ဒီကို လှောင်ပြောင်ခဲ့တာလားတော့ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

အစ်ဝစ်ချ်ပရိသတ်တွေက အနက်ရောင် ဂျာစီနဲ့ Scouser သားက ဘယ်သူကြီးလဲ (ဒိုင်တွေကို ရည်ရွယ်) လို့ ကွင်းထဲမှာ လှောင်ပြောင်ချိန် လီဗာပူးပရိသတ်တွေက အယ်လီဆန်ဟေ့.. အယ်လီဆန် လို့ ပြန်လည် အော်ဟစ်ခဲ့ပါတယ်။ အယ်လီဆန်ရဲ့ ဂျာစီကလည်း အနက်ရောင်ဖြစ်ပါတယ်။

လီဗာပူးအသင်းနဲ့ အပြောင်းအရွှေ့ သတင်းကြီးနေတဲ့ မာမာဒါရှီဗီလီဟာ မနက်က ဗလန်စီယာနဲ့ ဘာစီလိုနာပွဲမှာ ပွဲထွက်ကစားခဲ့ပါတယ်။

လီဗာပူးအသင်း သုတေသနဆိုင်ရာ ဒါရိုက်တာဟောင်း အိုင်ယန် ဂရေဟမ်က FSG ငွေမသုံးဘူးဆိုတဲ့ မှတ်ချက်တွေဟာ ရာနှုန်းပြည့် မမှန်ဘူးလို့ သူ့အမြင်ကို ပြောပါတယ်။

အမေရိကန်ပိုင်ရှင်တွေဟာ အသင်းအတွက် အကျိုးဖြစ်မယ်ဆိုရင် ငွေသုံးလေ့ရှိပြီး စျေးကွက်မှာ လူသစ် ခေါ်ယူမှုလို မြင်သာတဲ့ ကိစ္စမှာ ငွေမသုံးပေမယ့် အသင်းရဲ့ လုပ်ခပိုင်းအတွက် အများကြီး မြုပ်နှံထားတယ်လို့ ဆိုပါတယ်။

မနေ့က လီဗာပူးမြို့မှာ ယှဉ်ပြိုင်တဲ့ အဲဗာတန်နဲ့ ဘရိုက်တန်ပွဲမှာ ပါဝင်ကစားခဲ့တဲ့ မီလ်နာဟာ ပရီးမီးယားလိဂ် ဘောလုံးရာသီ ၂၃ ရာသီထိကို ဖြတ်သန်လာခဲ့ပြီဖြစ်ပါတယ်။

အစ်ဝစ်ချ်အသင်းနဲ့အတူ ပွဲထွက်လာတဲ့ Al-Hamadi ဟာ ၁ နှစ်သာအရွယ်မှာ အီရတ်ကနေ လီဗာပူးမြို့ကို ပြောင်းရွှေ့ခဲ့ပြီး လီဗာပူးပရိသတ်တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

UEFA Club Ranking အသစ်ထွက်ပေါ်လာရာမှာ လီဗာပူးအသင်းဟာ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်တို့နောက် စတုတ္ထနေရာမှာ ရှိနေပါတယ်။