

အပြင်ဘက်က အသံတွေ အရမ်း ကျယ်လောင်နေလို့ဆိုပြီး ဂရူးမူးထိုး လူသစ်ခေါ်ယူခြင်းမျိုး လီဗာပူးအသင်း ပြုလုပ်မှာ မဟုတ်ကြောင်း David Ornstein က ပြောပါတယ်။
ဘော်ဘီကလက်ဟာ ဆဲလ်ဘတ်ကို ပြောင်းဖို့ ပုဂ္ဂိုလ်ရေးပိုင်း သဘောတူညီခဲ့ပြီဖြစ်ပါတယ်။ ကလပ်နှစ်သင်းကြားမှာ ယူရို ၁၁.၆၅ သန်းအပြင် အနာဂတ် အပြောင်းအရွှေ့ အကျိုးခံစားခွင့်တွေဖြင့် သဘောတူညီမှု ရထားပြီးပါပြီ။
လီဗာပူး ယူ-၂၁ အသင်းဟာ ရာသီအဖွင့်ပွဲအဖြစ် မန်စီးတီး ယူ ၂၁ အသင်းကို ၃-၁ ဖြင့် ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။ ယူ-၂၁ အသင်းမှ ကစားသမား ၁၂ ယောက်လောက်ဟာ ဒီနွေမှာ အသင်းကနေ ထွက်ခွာဖွယ် ရှိနေဆဲဖြစ်ပါတယ်။
အစ်ဝစ်ချ်ပွဲအပြီးမှာ ကွင်းလယ်လူ ဆိုဘိုစလိုင်က နေ့ခင်း ၁၂ နာရီခွဲပွဲတွေကို ကစားရခြင်းကို ဆင်ခြေ မပေးလိုပေမယ့် ၁၂ ခွဲဆိုတာ မနက်ပဲ ရှိပါသေးတယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ဟန်ဂေရီသားက အိပ်ပုပ်ကြီးပုံရပါတယ်။
လီဗာပူးအသင်းဟာ လူငယ် တိုက်စစ်သမား ဟာဗေး ဘလဲကို အပြီးသတ် ရောင်းချဖို့ လမ်းဖွင့်ထားပြီဖြစ်ကာ ပိုစ့်မောက်အသင်းက ချိတ်ဆက်မှု လုပ်ဖွယ် ရှိပါတယ်။
ဆိုစီဒက်နည်းပြက အပြောင်းအရွှေ့ နောက်ဆုံး မိနစ်မှာ ဇူဘီမန်ဒီ အသင်းမပြောင်းနိုင်ကြောင်း သူ အာမမခံပေးနိုင်ဘူးဆိုကာ စပိန်ကွင်းလယ်လူကိစ္စ လမ်းဖွင့်ထားပါတယ်။
လီဗာပူးနဲ့ နီးစပ်သူတွေကတော့ အသင်းဟာ အပြောင်းအရွှေ့မှာ တစ်ကြိမ် ငြင်းဆန်ခံရရင် ထပ်လိုက်လေ့ မရှိသလောက်ဖြစ်တာမို့ ဇူဘီမန်ဒီကို ထပ်မံ ကြိုးစားဖွယ် မရှိဘူးလို့ မှတ်ချက်ပေးပါတယ်။ မနှစ်ကလည်း အန်ဒရီဟာ လီဗာပူးကို ငြင်းဆန်ခဲ့ကာ အသင်းဘက်က သူ့ကို ပြန်ကြိုးစားခြင်း မရှိတော့ပါဘူး။
ပဲလေစ့်အသင်းဟာ ဂူဟီကို နယူးကာဆယ် အသင်းထံ ရောင်းချပြီးရင် ပြန်အစားထိုးဖို့ လီဗာပူးခံစစ်မှူး ဂိုးမက်စ်ကို မျက်စိကျလာနေပါတယ်။
အပြောင်းအရွှေ့ သတင်းထောက် ရိုမန်နိုက လီဗာပူးအသင်းဟာ စျေးကွက်တွင်း လူသစ်ခေါ်ယူရေး လှုပ်ရှားမှုတွေ ရှိနေဆဲလို့ ပြောပါတယ်။
အင်္ဂလန်ဘွန်ကီတွေက အဲဗာတန် ခံစစ်မှူး ဘရန့်ဝိတ် လီဗာပူးအသင်းထံ ပြောင်းလာနိုင်ကြောင်း ပေါက်ကြေးကို ဖွင့်ထားပြီ မကြာခင်မှာပဲ ပြန်ပိတ်သွားပြီဖြစ်ပါတယ်။