ဒီယက်ဇ် မထွက်သလို ဂေါ်ဒန် ရောက်လာဖွယ် မရှိ၊ မေးခွန်းထုတ်ခံလာရတဲ့ အားကစားဒါရိုက်တာ၊ ဂိုးမက်ဇ်ကို စိတ်ဝင်စားနေကြခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

အက်စတွန်ဗီလာ၊ ဘိုင်ယန်မြူးနစ်၊ ဖူလ်ဟမ်၊ ပဲလေစ့်အပြင် ချယ်ဆီးကပါ ဂိုးမက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လီဗာပူးဘက်က ခံစစ်မှူးအတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်း တောင်းဆိုနိုင်ဦးမလား စောင့်ကြည့်ရမယ်လို့ မာဆေးဆိုဒ် သတင်းထောက်တွေက ဆိုပါတယ်။

ပရီးမီးယားလိဂ် ပထမအပတ်ရဲ့ ဖိအားပေးခြင်းပိုင်းလို လှုပ်အားနှုန် အများကြီးအတွက် အချက်အလက်ပြဇယားမှာ လီဗာပူးကို ရင်ဆိုင်ကစားခဲ့တဲ့ တန်းတက်ကလပ် အစ်ဝစ်ချ်ဟာ ထိပ်ဆုံးက ရှိနေပါတယ်။

ဒီယက်ဇ်ဟာ ဒီနွေအတွင်း လီဗာပူးက ထွက်ဖွယ် မရှိသလို အသင်းဘက်ကလည်း ဂေါ်ဒန်ကို ပြန်လည် ခေါ်ယူဖို့ကိစ္စအား နောက်ဆုတ်သွားနိုင်ပါတယ်။

ဒီနွေမှာ စီနီယာကစားသမား တစ်ဦး (ကာဗာရို) ကို ရောင်းချခဲ့ပြီး စာချုပ်သက်တမ်းတိုးခြင်း မရှိသလို လူသစ်လည်း တစ်ဦးမှ မခေါ်ထားတဲ့နောက် ဘာမှ အလုပ်မလုပ်ဘဲ ထိုင်နေတဲ့ ဒီကာလတွေအတွက် မိုက်ကယ်အတ်ဝပ်နဲ့ ရစ်ချက်ဟုချ်တို့ကို အသင်းဘက်က လစာ ဘယ်လောက် ပေးထားခဲ့ရလဲ ဆိုပြီး မေးခွန်းထုတ်မှု ထွက်ပေါ်လာပါတယ်။

လီဗာပူးအသင်းဟာ နက်ဖီးလစ်နဲ့ ဗန်ဒန်ဘတ်တို့ နှစ်ဦးကို အသင်းမှာ ရေရှည် ဆက်ထိန်းထားရမယ့် ကစားသမားတွေအဖြစ် မှတ်ယူထားခြင်း မရှိ​တော့ပါဘူး။

ပရီးမီးယားလိဂ်မှာ အားကစားဒါရိုက်တာတွေဟာ လုပ်ပိုင်ခွင့်တွေ ပိုရလာပေမယ့် တာဝန်ခံမှု နည်းပါးဆဲလို့ The Athletic ရဲ့ သုံးသပ်ချက် ထွက်လာပါတယ်။ ကလပ်တွေမှာ အပြောင်းအရွှေ့ ကိစ္စတွေအတွက် မန်နေဂျာက လုပ်ပိုင်ခွင့်မရတော့ပေမယ့် ရှေ့ထွက်ပြီး ရှင်းရသူ ဖြစ်နေဆဲပါ။

ဂျန့်အသင်းမှ ၁၉ နှစ်သား တိုက်စစ်သမား ဖာနန်ဒက်စ်ပါတိုကို လီဗာပူးအသင်း အပါအဝင် ပရီးမီးယားလိဂ်ကလပ်တွေက စိတ်ဝင်စား စောင့်ကြည့်နေပါတယ်။

လီဗာပူးက မာမာဒီရှီဗီလာကို ခေါ်ယူရေး အောင်မြင်ခြင်း မရှိတာကြောင့် ဂိုးသမားကို အငှားခေါ်ယူဖို့ စောင့်နေတဲ့ ဘုန်းမောက်ဟာ အာဆင်နယ် ဂိုးသမား ရမ်ဒယ်စ်ကို ပြောင်းလဲ ချိတ်ဆက်ဖွယ် ရှိနေပါတယ်။

လီဗာပူးအသင်းဟာ မြို့ခံပြိုင်ဘက် အဲဗာတန် ခံစစ်မှူး ဘရန့်ဝိတ်ကို ခေါ်ယူရေး ကြိုးစားနေခြင်း မရှိဘူးလို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။