NEWS: စျေးကွက် နောက်ဆုံးအပတ်မှာ လီဗာပူးအသင်း ပြုလုပ်သွားနိုင်တဲ့ အပြောင်းအရွှေ့ တစ်ခု

လီဗာပူးအသင်းက အစ်ဝစ်ချ်ကို ၂-၀ ဖြင့် အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်သီတင်းပတ်မှာ ပွဲနေ့ လူစာရင်းအတွင်း မပါခဲ့တဲ့ ဂိုးမက်စ်ရဲ့ အနာဂတ်ဟာ စကားပြောစရာတွေဖြစ်လာနိုင်သလို အသင်းဘက်က ဂူဟီကို ပြန်ချိတ်ဆက်နိုင်ကြောင်း သတင်းထောက် David Ornstein က ဆိုပါတယ်။

အသက် ၂၇ နှစ်အရွယ် ခံစစ်မှူး ဂိုးမက်စ်က ပုံမှန်ပွဲကစားခွင့်ရလိုတာကြောင့် လီဗာပူးအသင်းကနေ ထွက်ခွာလိုသလို သူ့ကို ခေါ်ယူလိုတဲ့ ကလပ်တွေလည်း ရှိနေပါတယ်။ နွေတုန်းကဆိုရင် ဂိုးမက်စ်-ဂေါ်ဒန် အလဲအထပ်အတွက် နယူးကာဆယ်ဘက်က စိတ်ဝင်စားမှုပါ ရှိခဲ့တာပါ။

ဒီအပတ်တွေအတွင်း နယူးကာဆယ်အသင်းက ပဲလေစ့် ခံစစ်မှူး ဂူဟီအတွက် ဆက်တိုက် ကမ်းလှမ်းနေပေမယ့် နောက်ဆုံး ချိတ်ဆက်ခဲ့တဲ့ ပေါင် ၆၅ သန်းကိုပါ ပယ်ချခံခဲ့ရပါတယ်။ နယူးကာဆယ်ဘက်က ဂူဟီအတွက် ထပ်မံ ကြိုးစားဖို့ အင်အားမရှိတော့ဘဲ အခြားသော ပစ်မှတ်အဖြစ် ဂိုးမက်စ်ကို ကြိုးစားဖွယ် ရှိလာတယ်။

ဂူဟီကို လီဗာပူးကလည်း စိတ်ဝင်စားမှု ရှိထားခဲ့ကာ ဂိုးမက်စ်နဲ့ ဗန်ဒန်ဘတ်တို့ ရောင်းထုတ်နိုင်ခဲ့ရင် ချိတ်ဆက်မှု စတင်နိုင်မလား စောင့်ကြည့်ရမှာပါ။ စာချုပ် ၁၂ လပဲ ကျန်တော့တဲ့ ဗန်ဒိုက်ကိုလည်း လီဗာပူးဘက်က အခုထိ စာချုပ် မပေးသေးပါဘူး။

ဘော့မန်းနဲ့ လက်ဆယ်တို့ ကာလရှည် အနားယူနေရသလို ဖေဘီယန်ရှာကလည်း တိုက်ရိုက် အနီကဒ်ကြောင့် ၃ ပွဲပယ်ခံရတော့မှာပါ။ အတ်ဒီဟောင်မှာ ခံစစ်မှူးတွေအဖြစ် လွိုက်ကယ်လီနဲ့ ဒန်ဘန်းတို့ပဲ ကျန်ရှိတာဖြစ်ပါတယ်။

ခံစစ်ပိုင်း နေရာစုံ ကစားနိုင်တဲ့ ဂိုးမက်စ်ကို အက်စတွန်ဗီလာကလည်း အလိုရှိနေပြီး စတင် ချိတ်ဆက်မှုတော့ မလုပ်သေးပါဘူး။

လီဗာပူးအသင်းမှာ ဦးစားပေး ခံစစ်သမားတွေအဖြစ် ဗန်ဒိုက်၊ ကိုနတေး၊ ကွမ်းဆက်တို့ ရှိထားကာ ဂိုးမက်စ်ကို ရောင်းထုတ်ရဖို့ ဖြစ်လာရင် ပြန်အစားထိုးဖို့ ဂူဟီကို ချိတ်ဆက်ဖို့ အချိန် ရှိမရှိ မသေချာသေးပါဘူး။

လီဗာပူးအသင်းဟာ ခံစစ်မှူး ဗန်ဒန်ဘတ်ကို စတုတ္ထဦးစားပေးနေရာ တိုက်ရိုက် အစားထိုးနိုင်ပြီး စာချုပ် ၁ နှစ်ပဲကျန်တော့တဲ့ နက်ဖီးလစ်ကိုလည်း ရောင်းထုတ်လို့ မရသေးတာ ဖြစ်ပါတယ်။