ဆာလာ-ဗန်ဒိုက် စာချုပ်သစ်ရဖွယ် မရှိ၊ စျေးကွက်ကနေ ပေါင် သန်း ၇၀ ရလာခြင်း၊ ဂိုးမက်စ်ကို အလေးအနက် ချိတ်ဆက်မှု မရှိသေးခြင်း၊ ကလယ်ဟာ ထွက်ဖို့ရှိခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းဟာ ဗလန်စီယာ ဂိုးသမား မာမာဒါရှီဗီလီရဲ့ ယူရို သန်း ၄၀ တန် အပြောင်းအရွှေ့ကို အပြီးသတ်နေပြီဖြစ်ကာ ၂၀၂၅ နွေမှာ အသင်းထံ ရောက်လာပါလိမ့်မယ်။

ခံစစ်မှူး ဗန်ဒိုက်ဟာ မနှစ်ကရာသီ PFA အကောင်းဆုံး အသင်းထဲမှာ ပါဝင်ခဲ့ပါတယ်။

လက်တလော အခြေအနေအရ လာမယ့် နွေမှာ မိုဆာလာဟာ လီဗာပူးအသင်းကနေ အလွတ်ဖြင့် ထွက်ခွာသွားနိုင်ချေ ရှိနေတယ်လို့ သိရပါတယ်။

လီဗာပူးအသင်းဟာ အသက် ၃၀ အထက် ကစားသမားတွေအပေါ် တင်းကြပ်တဲ့ စည်းမျဉ်းတွေ ရှိထားပြီး ဗန်ဒိုက်ကော ဆာလာကိုပါ စာချုပ်ကြီးတွေ ပေးလိုစိတ် မရှိသေးပါဘူး။

လေဗာကူဆင်ကော ဘရန့်ဖိုဒ့်ပါ ဗန်ဒန်ဘတ်အတွက် ပေါင် ၂၅ သန်း ပေးဖို့ သဘောတူထားပါတယ်။ ဘယ်အသင်းပြောင်းမလဲ ကစားသမားအပေါ်မှာပဲ မူတည်သွားပါပြီ။

လီဗာပူးအသင်းဟာ ဒီနွေမှာ ဗန်ဒန်ဘတ်၊ ကာဗာရို၊ မော်တန်၊ နက်ဖီးလစ်တို့ကို ရောင်းထုတ်နိုင်ဖို့ အားသွန်းနေခဲ့ကာ ခံစစ်မှူး နက်ဖီးလစ်နဲ့ ကွင်းလယ်လူ မော်တန်ရဲ့ အနာဂတ်ကို စီစဉ်ပေးဖို့ပဲ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။

ဘော်ဘီကလက်ဟာ ဆဲလ်ဘတ်ကို ဆေးစစ်ဖို့ ရောက်ရှိနေခဲ့ပြီဖြစ်ကာ ဒီနွေမှာ ကစားသမား ရောင်းချမှုကနေ လီဗာပူးအသင်း ပေါင် သန်း ၇၀ ကျော် ရရှိနေပါပြီ။

ပဲလေစ့်အသင်းဟာ ခံစစ်မှူး အန်ဒါဆန်ကို ဖူလ်ဟမ်အသင်းထံ ရောင်းချဖို့ သဘောတူလိုက်ပါပြီ။ ဒါကြောင့် နောက်ထပ် ခံစစ်မှူးဖြစ်တဲ့ ဂူဟီကို နယူးကာဆယ် ဒါမှမဟုတ် လီဗာပူးက ခေါ်ယူနိုင်ဖို့ ခက်ခဲသွားပြီဖြစ်ပါတယ်။

နယူးကာဆယ်ဟာ ဂူဟီကို မခေါ်နိုင်ရင်အတွက် အခြားသော ပစ်မှတ်တွေကို ဦးတည်လိုနေကာ ဂိုးမက်စ်ကလည်း သူတို့ စာရင်းထဲ ပါဝင်ပေမယ့် ဦးစားပေး အဆင့်မှာ မရှိထားပါဘူး။

ဒီရာသီကုန်ရင် လီဗာပူးနဲ့ စာချုပ် ၁ နှစ်ပဲ ကျန်ရှိမယ့် ကလပ်ဟာ ဟာ အသင်းနဲ့ စာချုပ်သစ် သက်တမ်းတိုးတော့မှာ မဟုတ်ဘဲ အသင်းသစ်ထံ ပြောင်းရွှေ့ဖို့ပဲ ကြိုးစားတော့မှာပါ။

ကလော့ပ်ရဲ့ နောက်ဆုံး ဘောလုံးရာသီအကြောင်း မှတ်တမ်း ရုပ်ရှင်ကို ထုတ်လွှင့်ဖို့ Amazon Prime ဘက်က အသင်းနဲ့ ဆွေးနွေးနေပါပြီ။

မာဆေးဆိုဒ် သတင်းထောက်တွေကတော့ လီဗာပူးအသင်းဟာ နယူးကာဆယ် တိုက်စစ်သမား ဂေါ်ဒန်ကို ချိတ်ဆက်နိုင်နေဆဲလို့ ဖော်ပြနေပါတယ်။ လက်တလောမှာ ဂိုးမက်စ်-ဂေါ်ဒန် အလဲအထပ်လည်း ဖြစ်လာဖွယ် မရှိသေးပါဘူး။

လီဗာပူးအသင်းဟာ ခံစစ်မှူး ရိုင်းဝီလီယမ်ကို Morecambe အသင်းထံ ရာသီဝက် အငှားချလိုက်ပြီဖြစ်ပါတယ်။