ဗန်ဒန်ဘတ်အတွက် ပေါင် သန်း ၃၀ ရမည်၊ လိုက်ဇစ် ခံစစ်မှူးကို ပစ်မှတ်ထားနေခြင်း၊ စျေးကွက် နောက်ဆုံးအပတ်မှာ မော်တန်တို့ကို ရှင်းထုတ်ဖို့ ပြင်နေခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းဟာ ခံစစ်မှူး ဗန်ဒန်ဘတ်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ ဖြင့် ဘရန့်ဖိုဒ့်အသင်းထံ ရောင်းချဖို့ သဘောတူထားတာလို့ စကိုင်းစပေါ့က ဖော်ပြပါတယ်။ ဒါဟာ အစောပိုင်း သိထားကြတဲ့ ပမာဏထက်တောင် ပိုများနေပါတယ်။

၂၀၁၉ မှာ နယ်သာလန်ကလပ် PEC Zwolle ကနေ ဗန်ဒန်ဘတ်ကို ပေါ် ၄.၄ သန်းဖြင့် ခေါ်ယူခဲ့စဉ် အနာဂတ် အပြောင်းအရွှေ့ ခံစားခွင့်ပေးမယ့် အချက်ကို ထည့်သွင်းထားပါတယ်။

ဂိုးသမားသစ် ခေါ်ယူရေး လီဗာပူးအသင်းဘက်က အားထုတ်နေပေမယ့် ၂၀၂၅ ဒါမှမဟုတ် ၂၀၂၆ မှာ အယ်လီဆန် ထွက်ခွာသွားမလား ကိစ္စ သေချာ မသိရသေးဘူးလို့ ဂျိမ်းပီယာ့ဇ်က ပြောပါတယ်။

ရော်ဘတ်ဆန်က ပြီးခဲ့တဲ့ ၅ လလုံး သူဟာ ဒဏ်ရာကြားကနေ ဘောလုံးကစားနေတာလို့ ဝန်ခံလာပါတယ်။ ဒီအပတ် ဘရန့်ဖိုဒ့်နဲ့ပွဲမှာ သူကော ဂိုးမက်စ်ပါ ပွဲနေ့ လူစာရင်းထဲ ပါဝင်လာဖွယ် ရှိနေဆဲပါ။

လီဗာပူးအသင်းဟာ လိုက်ဇစ် ခံစစ်မှူးနဲ့ ညာအစွန်လူ မိုဆီမာကန်ကို စိတ်ဝင်စားနေပြီး ခေါ်ယူဖို့ အခြေအနေကောင်းတဲ့ အဆင့်မျိုးတော့ မရှိသေးကြောင်း စကိုင်းစပေါ့ သတင်းထောက်က ဆိုပါတယ်။

အီတလီသတင်းတွေက လီဗာပူးဟာ အတ္တလန်တာ တိုက်စစ်မှူး လုခ်မန်းကို စိတ်ဝင်စားကြောင်း ဖော်ပြနေပေမယ့် အသက် ၂၆ နှစ်အရွယ် တောင်ပံသမားကို ခေါ်ယူဖွယ် မရှိဘူးလို့ အသင်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

အပြောင်းအရွှေ့ နောက်ဆုံးအပတ်မှာ လီဗာပူးအသင်းဟာ ကွင်းလယ်လူ တေလာ မော်တန်ကို အပြီးသတ် ရောင်းထုတ်သွားဦးမှာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အကယ်ဒမီ တိုက်စစ်သမား ဟာဗေး ဘလဲလ်ကို ပိုစ့်မောက်အသင်းထံ ရောင်းထုတ်ဖို့ သဘောတူထားပါပြီ။

၁ နှစ်ခွဲကြာ ဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ ဘာ့ဂျ်ဆဲတစ်ဟာ ပွဲကစားခွင့်တွေ လိုအပ်နေတာကြောင့် သူ့ကို အငှား ဒါမှမဟုတ် အပြီးသတ်ဖြင့် ထွက်ခွင့်ပေးဖို့ လီဗာပူးအသင်း စီစဉ်နေပါတယ်။

အပြောင်းအရွှေ့ နောက်ဆုံးအပတ်မှာ ယူ-၂၁ အသင်းမှ ဗန်ဒုတ်၊ အိုဝင်ဘက်၊ မက်ကော်နယ်၊ ပီတာလူဂါ၊ စကန်လွန်တို့ဟာလည်း အငှား ဒါမှမဟုတ် အပြီးသတ်ဖြင့် ထွက်သွားကြဖွယ် ရှိကာ သူတို့နေရာမှာ နောက်ထပ် မျိုးဆက်ဖြင့် အစားထိုးဖို့ ပြင်ဆင်နေပါတယ်။