ကစားသမား ၃ ဦးနဲ့ ပတ်သက်လို့ လီဗာပူးဘက်က ထူးထူးခြားခြား ညိနှိုင်းစကားပြောမှု ၃ ခု

ဒီအပြောင်းအရွှေ့မှာ ထွက်ခွာသွားတဲ့ ကစားသမားတွေနဲ့ ထွက်ခွာဖွယ် ရှိနေဆဲ ကစားသမားတွေနဲ့ ပတ်သက်လို့ လီဗာပူးဘက်က ညိနှိုင်းခဲ့မှုတွေအား LFCThaDin ဖတ်ရှုသူတွေအတွက် ဖော်ပြပေးပါမယ်။

ကာဗာရို

နည်းပြ အာနယ် ဆလော့ဟာ ရာသီကြိုအတွင်း သူ့ရဲ့ စနစ်အတွက် အသင်းရဲ့ ကစားသမားတွေထံက လေ့လာဆန်းစစ်မှု ပြုလုပ်ရာမှာ ဘယ်တောင်ပံအတွက် စီနီယာအများအပြားက အသင်းနဲ့ ပူးပေါင်းနိုင်ခြင်း မရှိသေးတာကြောင့် ကာဗာရိုကို အဆိုပါနေရာက သုံးခဲ့ပါတယ်။

အမေရိကန် ရာသီကြိုကနေ ပြန်လာပြီးတဲ့ချိန်မှာ နည်းပြအဖွဲ့က ကာဗာရိုရဲ့ အရည်အချင်းကို သဘောကျပေမယ့် ပုံမှန်ပွဲကစားခွင့် မပေးနိုင်ကြောင်း ပွင့်ပွင့်လင်းလင်း အသိပေးခဲ့ပါတယ်။ ဒါ့အပြင် ရာသီကြိုကို ဂက်ပို ပါနိုင်ခဲ့ရင် ကာဗာရို အနေနဲ့ ဘယ်တောင်ပံမှာ ကစားခွင့်ရခဲ့မှာ မဟုတ်ကြောင်းလည်း အသိပေးခဲ့ပါတယ်။

ပေါ်တူဂီသားဟာ သူ့ရဲ့ တိုးတက်မှုအတွက် အပတ်တိုင်း ပုံမှန်ကစားခွင့်ရလိုကာ လီဗာပူးမှာ အရန်ခုံထိုင်ရမယ့် အနေအထားကြောင့် အသင်းပြောင်းဖို့ ရွေးချယ်ခဲ့ပါတယ်။ ဒီအကြောင်းကို ဘရန့်ဖိုဒ့်အသင်း အင်တာဗျူးမှာ ကာဗာရိုကိုယ်တိုင်ကလည်း ဝန်ခံသွားပါတယ်။

ဘော်ဘီကလက်

ပပ်လင်ဒါး မန်နေဂျာအဖြစ် ကိုင်တွယ်နေတဲ့ ဆဲလ်ဘတ်အသင်းဟာ လီဗာပူးကွင်းလယ်လူ ဘော်ဘီကလက်ကို ပွဲကစားခွင့်အပြင် ဥရောပပြိုင်ပွဲ ကစားခွင့် မက်လုံးဖြင့် ဩစတြီးယားကလပ်ကို ပြောင်းလာဖို့ စည်းရုံးခဲ့ပါတယ်။

ဒီအပြောင်းအရွှေ့မှာ လီဗာပူးအသင်းဟာ ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းအပြင် အနာဂတ် ပြောင်းရွှေ့ကြေးရဲ့ ၁၇.၅% ခံစားခွင့် ရရှိခဲ့တယ်။

ထူးခြားတဲ့ အချက်အနေနဲ့ ကလပ်တစ်သင်းက ဘော်ဘီကလက်ကို အသင်းတစ်သင်းသင်းက ခေါ်ယူလိုကြောင်း ကမ်းလှမ်းလာရင် ဆဲလ်ဘတ်ဘက်က လီဗာပူးကို အသိပေးရမှာဖြစ်ပြီး လီဗာပူးအသင်းကလည်း တူညီတဲ့ ပမာဏဖြင့် ပထမဆုံး ခေါ်ယူခွင့် ပါရှိမှာဖြစ်ပါတယ်။

ဘာ့ဂျ်ဆဲတစ်

ဒဏ်ရာကြောင့် ၁ နှစ်ခွဲကြာ အနားယူနေရတဲ့ စပိန်ကွင်းလယ်လူဟာ သူ့ရဲ့ တိုးတက်မှုတွေ ရှာဖွေနိုင်ရေး အပတ်တိုင်း ပွဲကစားခွင့်ရဖို့ လိုအပ်နေကြောင်း လီဗာပူးဘက်က နားလည်ပါတယ်။ ဆူဘီမန်ဒီ အပြောင်းအရွှေ့ ညိနှိုင်းခဲ့စဉ်က ဘာ့ဂျ်ဆဲတစ်ကို တစ်ရာသီ အငှားချပေးမယ်လို့ ကမ်းလှမ်းမှု ပါဝင်ခဲ့တယ်။

လက်တလောမှာ ဘာ့ဂျ်ဆဲတစ်ကို သူ့ရဲ့ ဇာတိကလပ် ဆယ်တာဗီဂိုဘက်က အငှားခေါ်ယူလိုနေပါတယ်။ လီဗာပူးဘက်က ကစားသမားကို ကွင်းလယ်မှာ အသုံးပြုပေးရမယ်လို့ တောင်းဆိုထားပြီး (ကွင်းလယ် role အတိအကျ မသိရ) အနာဂတ်မှာ ဘာ့ဂျ်ဆဲတစ်ကို အသင်းရဲ့ ကွင်းလယ်မှာ အသုံးချဖို့ ပလန်ရှိပါတယ်။