ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ် ၃ ပွဲပဲ ကစားရတော့မယ့် အချိန်မှာ အဆင့် ၃ က နယူးကာဆယ်နဲ့ လီဗာပူးကြားမှာ ၄ မှတ်ကွာဟနေသလို အဆင့် ၄ က ယူနိုက်တက်နဲ့ လီဗာပူးကြားလည်း ၄ မှတ် ကွာဟနေပါတယ်။
လူငယ်အစွန်လူ လုချမ်ဘာက သူလက်ရှိ အငှားထွက်နေတဲ့ Kilmarnock အသင်းရဲ့ တန်းဆင်းဇုန် တိုက်ပွဲ အခြေအနေကို အကူအညီပေးနိုင်ရေး ကမ္ဘာ့ဖလား ဝင်ပြိုင်မယ့် ယူ-၂၀ အင်္ဂလန်အသင်း လူစာရင်းကနေ ဖယ်ထုတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
လီဗာပူးအသင်းရဲ့ အငှားချကစားသမား စောင့်ကြည့်ရေး အကြီးအကဲနေရာ အပြောင်းအလဲဖြစ်လာပြီး အကယ်ဒမီ လူသစ်စုဆောင်းရေး အကြီးအကဲက အဆိုပါ ရာထူးကို ဆက်ခံသွားပါမယ်။
ဒီရာသီ မန်စီးတီးနဲ့ပွဲမှာ ပက်ဂွာဒီယိုလာက သွင်းဂိုးအတွက် အတူအောင်ပွဲခံဖို့ တောင်းဆိုခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပွဲအပြီးမှာ ပြန်တောင်းပန်တယ်လို့ ကိုစတက်က ပြောပါတယ်။ သူကိုယ်တိုင်ကတော့ ပက်ကို ရပါတယ်လို့ တုန့်ပြန်ခဲ့ကြောင်းနဲ့ ငါအသင်းအလှည့်ဆိုရင် မင်းထက်တောင် အောင်ပွဲခံမိမှာလို့ ပြောဆိုခဲ့ကြောင်း ထုတ်ပြောလာပါတယ်။
လက်စတာနဲ့ပွဲမှာ ဘယ်ခြမ်း တောင်ပံနေရာကို ဒီယက်စ် ဆက်လက် ပွဲထွက်ခွင့်ရမယ်လို့ သတင်းထွ့က်နေပါတယ်။ ဒါကြောင့် အထောင်တိုက်စစ်နေရာကို ဂျိုတာ၊ ဂက်ပို၊ ဒါဝင်တို့ထဲက တစ်ဦး ထုတ်သုံးမလား? တိုက်စစ်မှူး ၄ ဦးထိ ဆက်လက် ပွဲထုတ်မလား စောင့်ကြည့်ရမှာပါ။
ဒီနွေမှာ မက်အယ်လစ္စတာကော ကိုင်ဆီဒိုပါ ဘရိုက်တန်ကနေ ထွက်မယ်လို့ နည်းပြဒီဇာဘီက အတည်ပြုလိုက်ပါတယ်။ အယ်လစ္စတာကို လီဗာပူး လိုက်နေပြီး ကိုင်ဆီဒိုကိုလည်း အသင်းဘက်က စိတ်ဝင်စားခဲ့ဖူးပေမယ့် အာဆင်နယ်က ပိုအရေးသာနေပါတယ်။
လီဗာပူးအသင်းဟာ မနှစ်က မအောင်မြင်တဲ့ ခေါ်ယူမှုဖြစ်တဲ့ ချူအာမီနီအတွက် မက်ဒရစ်ကလပ်ထံ ချိတ်ဆက်မှု ပြုလုပ်ခဲ့ပေမယ့် ပြင်သစ်သား ကွင်းလယ်လူကို မရောင်းလိုကြောင်း အကြောင်းပြန်ခြင်း ခံခဲ့ရပါတယ်။
လီဗာပူး ကစားသမားဟောင်းတွေဖြစ်တဲ့ ဖာနန်ဒို တောရက်စ်နဲ့ အဘီလိုအာတို့ဟာ ၎င်းတို့ မန်နေဂျာအဖြစ် ကိုင်တွယ်နေတဲ့ အသင်းတွေကို တာဝန်ယူပြီး ကွင်းစည်းဘေးမှာ တွန်းထိုး စကားများခဲ့ကြပါတယ်။ တောရက်စ်က အေတီကို ယူ-၁၉ အသင်း နည်းပြဖြစ်နေပြီး အဘီလိုအာက ရီးရဲလ်မက်ဒရစ် ယူ-၁၉ အသင်း နည်းပြဖြစ်နေတာပါ။
အယ်လစ္စတာရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် သန်း ၇၀ ဝန်းကျင်မှာ ရှိမှာဖြစ်ပြီး လီဗာပူးဘက်က အတော်လေး အရေးသာတဲ့ အခြေအနေ ရောက်နေပြီလို့ ရိုမန်နိုက ပြောပါတယ်။ ဘောလုံးရာသီ ပြီးပြီးချင်းမှာ အပြောင်းအရွှေ့ ကိစ္စတွေ တရားဝင် သတင်းထွက်လာနိုင်ပါတယ်။
ယာဂင်ကလော့ပ် ကလပ်တာဝန်ရှိသူတွေကို ကွင်းလယ်လူသစ် ၃ ဦး တောင်းဆိုထားတယ်လို့ သိရပြီး မေဆန်မောင့်ကိုလည်း လိုက်နေဆဲဖြစ်ကာ တတိယ တစ်ဦးကတော့ စျေးအနည်းငယ် သက်သာတဲ့ လူငယ်ကွင်းလယ်လူ ဖြစ်လာဖို့ ရှိပါတယ်။