ကွင်းလယ်ခံစစ် ခေါ်တော့မည် မဟုတ်၊ ဘရန့်ဖိုဒ့်ပွဲမှာ ထုတ်သုံးမယ့် လူစာရင်း၊ အာနယ် ဆလော့ကို ချီးကျူးတဲ့ ကလော့ပ်နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဘရန့်ဖိုဒ့်ပွဲအတွက် လီဗာပူးလူစာရင်းက အယ်လီဆန်၊ ထရန့်၊ ကိုနတေး၊ ဗန်ဒိုက်၊ ရော်ဘတ်ဆန်၊ ဂရာဗင်ဘက်ချ်၊ မာကာ၊ ဆိုဘို၊ ဒီယက်ဇ်၊ ဆာလာ၊ ဂျိုတာတို့ ဖြစ်လာမယ်လို့ အသံထွက်နေပါတယ်။

အယ်လီဆန်က သူ လီဗာပူးအသင်းနဲ့ စာချုပ် ၂ နှစ် ကျန်သေးသလို ၁ တစ်နှစ်လည်း ထပ်မံ သက်တမ်းတိုးခွင့်ရှိကြောင်းနဲ့ အသင်းကနေ ထွက်သွားဖို့ မစဉ်းစားသေးဘူးလို့ ထုတ်ပြောလာပါတယ်။

ဒီနွေမှာ ဆော်ဒီဘက်က အယ်လီဆန်ကို အတော်လေး များပြားတဲ့ လုပ်ခဖြင့် ချဉ်းကပ်ပေမယ့် ဘရာဇီးဂိုးသမားက လီဗာပူးမှာပဲ ဆက်နေခွင့်ရဖို့ ငြင်းဆန်ခဲ့ပါတယ်။

အယ်လီဆန်က လီဗာပူးအသင်းဟာ သူ့နေရာ အစားထိုးဖို့ မာမာဒီရှီဗီလာကို ခေါ်ယူရေး အားထုတ်နေခြင်းကို ကောင်းသောကိစ္စလို့ သုံးသပ်ပေးပါတယ်။

ဆယ်တာဗီဂို နည်းပြက သူတို့အသင်းဟာ ဘာ့ဂျ်ဆဲတစ်ကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း ဝန်ခံပါတယ်။ လီဗာပူးဘက်က စပိန်သားကို သူ့ဇာတိထံ ၁ ရာသီ အငှားချဖို့ ဆွေးနွေးနေတာဖြစ်ပါတယ်။

စတုတ်ကို အငှားထွက်နေတဲ့ လီဗာပူးကြယ်ပွင့်လေး လူးဝစ် ကူးမက်စ်ကတော့ ချန်ပီယံရှစ်မှာ ဂိုးစသွင်းနေပြီ ဖြစ်ပါတယ်။

စျေးကွက် နောက်ဆုံးအပတ်မှာ ဗန်ဒုတ်ကော တေလာမော်တန်ပါ အပြီးသတ်တွေဖြင့် ထွက်ခွာသွားနိုင်ချေ ရှိတယ်လို့ အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက်တွေက ပြောပါတယ်။

စျေးကွက်မပိတ်ခင် လီဗာပူးအသင်းဟာ ကွင်းလယ်ခံစစ်သမား ခေါ်ယူဖို့ အားထုတ်နေခြင်း မရှိပါဘူး။

ယာဂင်ကလော့ပ်က အာနယ် ဆလော့ဟာ နည်းပြကောင်းတစ်ဦးပဲလို့ အစ်ဝစ်ချ်ပွဲ ကိုင်တွယ်ပုံကို ကြည့်ရှုအပြီး မှတ်ချက်ပေးသွားခဲ့ပါတယ်။

လီဗာပူး ယူ-၂၁ အသင်းမှာ ဗန်ဒုတ်၊ ဂေါ်ဒန်၊ ဘာ့ဂျ်ဆဲတစ်၊ မော်တန်၊ အိုဝင်ဘက်၊ ပီတာလူဂါတို့ မပါတော့တဲ့ နည်းပြ ဘယ်ရီ လွီတက်က လူငယ်အသစ်တွေကို ပြန်လည် ရွေးချယ်နေပါတယ်။

လက်စတာ ယူ-၂၁ ကို ၂-၁ ဖြင့် အရေးနိမ့်ခဲ့တဲ့ လီဗာပူး ယူ-၂၁ အသင်းမှာ နိုင်ယွန်နီ၊ နယ်လိုတို့က အဓိက ကစားသမားတွေအဖြစ် ပါဝင်ကစားခဲ့ပါတယ်။ လီဗာပူးအတွက် သွင်းဂိုးကို နိုင်ယွန်နီက သွင်းယူပါတယ်။