ဂျိုတာ နံပါတ် ၉ သမားအဖြစ် ဆက်လက် ပွဲထွက်ပြီး ခံစစ်က အီဘူး ပါလာမယ့် ဘရန့်ဖိုဒ့်ပွဲအတွက် ပွဲထွက်လူစာရင်း ခန့်မှန်းခြင်း

ဒီကနေ့ည မြန်မာစံတော်ချိန် ည ၁၀ နာရီမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၂ အဖြစ် လီဗာပူးအသင်းက ဘရန့်ဖိုဒ့်အသင်းကို အိမ်ကွင်း အန်ဖီးမှာ ဧည့်ခံသွားမှာဖြစ်ပါတယ်။

အသင်းရဲ့ ရာသီအဖွင့်ပွဲတွေဟာ ကစားအားကောင်းတဲ့ အသင်းတွေကို ရင်ဆိုင်နေရတာဖြစ်တာကြောင့် ပွဲအာရုံစူးစိုက်မှု အားနည်းလို့ မရပါဘူး။ ဒီပွဲပြီးရင် အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Team News

  • ဒီနေ့ပွဲမှာကို ဒဏ်ရာကြောင့် ကွမ်းဆက်ပါဖွယ် မရှိပါဘူး
  • သောကြာနေ့ လေ့ကျင့်ရေးကို မော်တန် ဝင်ရောက်ပူးပေါင်းပါတယ်
  • ဂျိုတာနဲ့ ဂရာဗင်ဘက်ချ်တို့က အသင်းလိုက် လေ့ကျင့်ရေးမှာ မပါခဲ့ဘဲ gym မှာ အခြား လေ့ကျင့်ရေးတွေ ပြုလုပ်နေကြပါတယ်

Liverpool’s expected XI vs. Brentford

အခုမှ ရာသီစပဲ ရှိသေးတာမို့ ပုံမှန် လူစာရင်းနဲ့ ခြေစွမ်း ရှာဖွေနေချိန်မှာ နည်းပြအာနယ် ဆလော့က အပြောင်းအလဲကြီး သိပ်မလုပ်ဘဲ အဖွင့်ပွဲ လူစာရင်းအတိုင်း ပွဲထုတ်လာမှာပါ။

ခံစစ်မှာ ဒဏ်ရာရနေတဲ့ ကွမ်ဆက်ကလွဲရင် ကျန်ကစားသမားတွေဖြစ်တဲ့ အယ်လီဆန်၊ ထရန့်၊ ကိုနတေး၊ ဗန်ဒိုက်၊ ရော်ဘတ်ဆန်၊ ဂရာဗင်ဘက်ချ်၊ မာကာ၊ ဆိုဘို၊ ဒီယက်ဇ်၊ ဂျိုတာ၊ ဆာလာတို့ကိုပဲ ထုတ်သုံးဖွယ် ရှိပါတယ်။

အစ်ဝစ်ချ်ပွဲလို မဟုတ်ဘဲ အထမနှေးဖို့ သတိပေးထားမယ်လို့ ယူဆရလို ဒုတိယပိုင်းမှာ ဂက်ပို၊ ဒါဝင်၊ ဟာဗေးတို့ ပွဲကစားခွင့်တွေရနိုင်ပါတယ်။ ကာတစ်ဂျုံးကလည်း လူစားဝင်လာခဲ့ရင် ကွင်းလယ် ဘယ်နေရာကစားခွင့်ရမလဲ စောင့်ကြည့်ရမှာပါ။

ဒီနေ့ပွဲအတွက် စိတ်ဝင်စားစရာဖြစ်စေမှာက ထရန့်ကို နည်းပြဆလော့ ဘယ်လို သုံးမလဲဖြစ်ပါတယ်။ အစ်ဝစ်ချ်ပွဲမှာ ပထမပိုင်းအတွင်း အစွန်လူအဖြစ်ပဲ ကစားခဲ့တာဖြစ်ပေမယ့် ဒုတိယပိုင်းမှာ ထရန့်ဟာ အတွင်းထဲ ပြန်ဝင်ကစားသလို တိုက်စစ်လည်း လိုက်ခွင့်ရခဲ့ပါတယ်။