ချီယေဆာကို ချိတ်ဆက်ခြင်း၊ ဂေါ်ဒန် ပြောင်းလာလို၊ ဂိုးမက်စ်ကို ပဲလေစ့် ချိန်ရွယ်၊ မော်တန်၊ အိုဝင်ဘက်တို့ အငှားထွက်မယ့် နံနက်ခင်း လီဗာပူး သတင်းတိုများ

ဘလက်ဘန်းအသင်းဟာ ဘယ်အစွန်လူ အိုဝင်ဘက်ကို တစ်ရာသီ အငှားဖြင့် ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

အပြောင်းအရွှေ့ စျေးကွက် မပိတ်ခင် လီဗာပူးကို ပြောင်းခွင့်ရရေး နယူးကာဆယ် တိုက်စစ်သမား အန်တိုနီ ဂေါ်ဒန်ဘက်က ကြိုးစားနေပါတယ်။

အသက် ၂၆ နှစ်အရွယ် အီတလီ တိုက်စစ်သမား ချီယေဆာကို လီဗာပူးဘက်က ချိတ်ဆက်နေပြီဖြစ်ကာ ဂျူဗင်တပ်ကတော့ ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်း ရလိုပါတယ်။

တိုက်စစ်သမား ကိုယ်တိုင်က လီဗာပူးကို ပြောင်းလာလိုစိတ်ရှိကြောင်း တုန့်ပြန်ထားပြီး ကစားသမားအတွက် လုပ်ခဟာ တစ်ပတ် ပေါင် ၁ သိန်းခွဲ ဝန်းကျင်ဖြစ်ပါတယ်။

အပြောင်းအရွှေ့ နောက်ဆုံးအပတ်မှာ လီဗာပူးခံစစ်မှူး ဂိုးမက်စ်ကို ခေါ်ယူဖို့ ပဲလေစ့်ဘက်က ကြိုးစားလာနေပါပြီ။

ကွင်းလယ်လူ တေလာမော်တန်ကို တစ်ရာသီ အငှားခေါ်ယူဖို့ ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်ဘက်က ကမ်းလှမ်းမှု ပြုလုပ်ထားပါတယ်။

ဘယ်အစွန်လူ ကိုစတက်ဟာ စျေးကွက် နောက်ဆုံးအပတ်မှာ လီဗာပူးကနေ ထွက်ခွာဖွယ် မရှိဘဲ ဒီရာသီကုန်ထိ ဆက်နေသွားဖွယ် ရှိပါတယ်။

လီဗာပူးအသင်းဟာ ဗလန်စီယာ ဂိုးသမား မာမာဒါရှီဗီလီကို ပေါင် သန်း ၃၀ ဖြင့် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကာ လာလီဂါမှာပဲ တစ်ရာသီ အငှားချထားမှာပါ။ နောက်ရာသီမှာတော့ သူဟာ အယ်လီဆန်နဲ့အပြိုင် နံပါတ် ၁ ဂိုးသမားနေရာကို ယှဉ်ပြိုင်ပါလိမ့်မယ်။

စျေးကွက် နောက်ဆုံးအပတ်မှာ ကစားသမားသစ်တွေ ခေါ်ယူဖို့ လီဗာပူးဘက်က အားထုတ်လာနေပြီး တိုက်စစ်သမားတင် မကဘဲ အခြားနေရာအတွက်ပါ ခေါ်ယူလိမ့်မယ်လို့ မာဆေးဆိုဒ် သတင်းထောက်တွေက ဖော်ပြနေပါတယ်။