ဒီယက်စ်၊ ဆာလာ တောင်ပံတွဲလုံးနဲ့အတူ လက်စတာပွဲမှာ ကလော့ပ် ထုတ်သုံးနိုင်တဲ့ တိုက်စစ်ပုံစံ (၂) မျိုး

လီဗာပူးအသင်းဟာ ဒီအပတ်မှာတော့ ဥရောပဝင်ခွင့် တစ်နေရာရရေး အရေးကြီးပွဲအဖြစ် လက်စတာအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရပါမယ်။ ချန်ပီယံလိဂ် ဝင်ခွင့် မသေချာပေမယ့် ယူရိုပါလိဂ် ဝင်နိုင်ဆဲ လီဗာပူးအသင်းဟာ ဒီပွဲမှာ အနိုင် ၃ မှတ်သေချာပေါက် ရယူထားဖို့ လိုအပ်နေပါတယ်။

Team news

ဖာမင်နို ပွဲကစားနိုင်ဖို့ နီးနေပေမယ့် လက်စတာပွဲမှာ မဟုတ်ပါဘူး။
ကိတ်တာနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ပြောဆိုမှု မရှိပါဘူး။

Liverpool’s XI vs. Leicester

နောက်ဆုံး ကစားထားတဲ့ ၆ ပွဲဆက် အနိုင်ရခဲ့ပေမယ့် လီဗာပူးအသင်းဟာ လက်ကျန် ၃ ပွဲပဲ ရှိတော့ချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ၄ မှတ်ပြတ်ကျန်နေဆဲပါ။ ပြိုင်ဘက်တွေ ခြေချော်ခဲ့ရင် အခွင့်အရေး ယူနိုင်ဖို့အတွက် ဒီပွဲကို အနိုင်ရထားဖို့ လိုအပ်ပါတယ်။

အကယ်လို့ လက်စတာကို အနိုင်ယူခဲ့ရင် တန်းဆင်းဇုန်မှာ ဆက်ရှိနေတဲ့ မြေခွေးတွေက နယူးကာဆယ်ပွဲကို ရုန်းကစားရတော့မှာကလည်း လီဗာပူးအသင်း သတိပြုဖို့ လိုအပ်တဲ့ အချက်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်ကပွဲမှာ တိုက်စစ်သမား ၄ ဦးနဲ့ ပွဲထွက်ပေမယ့် ဂက်ပိုကို ကွင်းလယ်လူအဖြစ် အသုံးပြုခဲ့ပြီး ကစားကွက်ပြောင်းလဲမှုဟာ အရမ်းကြီး အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့်လို့ တစ်ပတ်တိတိ ပြင်ဆင်ချိန်ရခဲ့တဲ့ လက်စတာပွဲမှာ ဒီစနစ်ကိုပဲ ထုတ်သုံးလာမယ်ဆိုရင် ဘရန့်ဖိုဒ့်ပွဲကလောက်တော့ အခြေအနေ မဆိုးလောက်ပါဘူး။

ဒါဝင်ကို အထောင်နေရာထားပြီး ဒီယက်ဇ်၊ ဆာလာ၊ ဂက်ပိုကို နောက်က ထားမယ့် ၄-၂-၃-၁ ကစားကွက်မှာ ကွင်းလယ်တန်းကိုတော့ ဖာဘင်ညိုနဲ့ ဂျုံးကိုပဲ နေရာချမှာပါ။ ခံစစ်ကတော့ ထရန့်၊ ကိုနတေး၊ ဗန်ဒိုက်နဲ့ ရော်ဘတ်ဆန် အတွဲဖြစ်ပါလိမ့်မယ်။

နောက်ထပ် စနစ်ကတော့ ၄-၃-၃ ပုံစံကိုပဲ ပြန်ပြောင်းဖို့ဖြစ်ပါတယ်။ အဲ့လိုဆိုရင် တိုက်စစ် ၃ ယောက်တန်းက ဒီယက်ဇ်၊ ဂက်ပို၊ ဆာလာအတွဲ ဖြစ်လာနိုင်ပြီး ကွင်းလယ်မှာတော့ ဖာဘင်ညို၊ ဂျုံးနဲ့ တွဲကစားဖို့ရာ ဟန်ဒါဆန် ပါလာနိုင်ပါတယ်။ ခံစစ်ကတော့ ဗန်ဒိုက် ဦးဆောင်တဲ့ ခံစစ်ကြောင်းပဲ ဖြစ်ပါလိမ့်မယ်။