

လီဗာပူးအသင်းဟာ ဒီကနေ့မှာပဲ တိုက်စစ်သမား ချီယေဆာကို ခေါ်ယူရေး အပြီးသတ်တော့မယ်လို့ အီတလီဘက်က သတင်းထောက်တွေ ဖော်ပြလာနေပါပြီ။
သတင်းထောက် Gianluca Di Marzio ကပဲ ” ဒီကနေ့ (ဩဂုတ် ၂၈) မှာပဲ ချီယေဆာက လီဗာပူးကို လေယာဉ်နဲ့ ထွက်ခွာပါမယ်။ သူက လီဗာပူးကို ယူရို ၁၂ သန်း + ဆုကြေးနဲ့ ပူးပေါင်းသွားဖို့ ရှိပါတယ် ” လို့ ဖော်ပြခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ကစားသမားဘက်နဲ့ စာချုပ်ကိစ္စကို အပြီးသတ်နေပြီဖြစ်ကာ ၄ နှစ် စာချုပ်ပေးဖို့လည်း ပြင်ဆင်ထားပါတယ်။ အစီအစဉ်အတိုင်း လုပ်ဆောင်နိုင်ရင် ယူနိုက်တက်ပွဲ ပွဲနေ့လူစာရင်းထဲ ချီယေဆာ ပါလာနိုင်မှာပါ။
ဒီရာသီအတွက် လီဗာပူးတိုက်စစ်မှာ ဆာလာ၊ ဂျိုတာ၊ ဒီယက်ဇ်၊ ဒါဝင်၊ ဂက်ပိုအပြင် ချီယေဆာပါ ပါဝင်လာမှာဖြစ်ပါတယ်။