ဗာရယ်လာအတွက် ကြိုးစားနေခြင်း မရှိ၊ ကလယ်ဟာအတွက် ကမ်းလှမ်းမှုကို ပယ်ချ၊ အင်္ဂလန်ပြင်ပမှာ ပိုအထင်ကြီးခံနေရခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

တိုက်စစ်သမားသစ် ချီယေဆာဟာ အက်ဆာမှာ လီဗာပူးအသင်းမှာ လေ့ကျင့်ရေး စဆင်းနေပါတယ်။ အသင်းလိုက်ထက် ကြံခိုင်မှုပိုင်း ထိန်းသိမ်းရေးတွေကို ဆက်လုပ်နေတာမျိုး ဖြစ်ပါတယ်။

လီဗာပူးအသင်းက ပေါ်တို ကွင်းလယ်လူ အလန် ဗာရယ်လာကို ကြိုးစားမယ် ဆိုတဲ့ သတင်းတွေက မမှန်ကန်ကြောင်း The Athletic သတင်းထောက် ဂျိမ်းပီယာဇ့်က ငြင်းဆန်ပါတယ်။

အိုလံပီယာကိုစ့် ကွင်းလယ်လူ Santiago Hezze ကို လီဗာပူးအသင်း ကြိုးစားမယ်ဆိုတဲ့ သတင်းတွေက မမှန်ပါဘူး။

လက်ရှိ ပေါ်တိုအသင်းခေါင်းဆောင် ဗာရယ်လာရဲ့ စာချုပ်ပါကြေးက ယူရို ၆၅ သန်း ဝန်းကျင်ဖြစ်ပြီး ပေါ်တူဂီအသင်းက သူတို့ ကွင်းလယ်လူအတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားဖို့ ဆန္ဒ မရှိပါဘူး။

ဖောရက်စ်ဘက်က ကစားသမား အလိုက်ပါတဲ့ ပြောင်းရွှေ့ကြေးဖြင့် ကလယ်ဟာအတွက် ကမ်းလှမ်းမှုအား လီဗာပူးအသင်းက ပယ်ချလိုက်ပါတယ်။

အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ လူသစ် အားဖြည့်မှု လုပ်နိုင်ဦးမလား စောင့်ကြည့်နေကြဆဲဖြစ်ပြီး ဂိုးမက်စ် ဆက်ရှိနေမှာမို့ ခံစစ်အတွက်တော့ ခေါ်ယူဖွယ် မရှိပါဘူး။

ချန်ပီယံလိဂ် စနစ်သစ်အတွက် အခက်ခဲဆုံး ပွဲကြပ်ထဲ လီဗာပူးပါတယ်လို့ အင်္ဂလန်သတင်းဌာန အချို့က ဖော်ပြနေပြီး အင်္ဂလန်ပြင်ပ သတင်းတွေမှာတော့ လီဗာပူးဟာ ချန်ပီယံလိဂ် အမှတ်ပေးဇယား ထိပ်ဆုံး ၈ သင်းထဲ ပါသွားမယ်လို့ မှန်းဆနေကြပါတယ်။ ကြည့်ရတာ လီဗာပူးကို အထင်ကြီးမှုက အင်္ဂလန်ပြင်ပမှာ ပိုများကြပုံပါ။

တိုက်စစ်သမားသစ် ဖယ်ဒရီကိုဟာ ဆုဖလားတွေ အောင်မြင်ဖူးသလို ပြန်ရုန်းထ ကြိုးစားရာမှာလည်း အတွေ့အကြုံရှိတာမို့ လီဗာပူးအတွက် လိုအပ်တဲ့ ကစားသမားမျိုး ဖြစ်တယ်လို့ နည်းပြအာနယ်က ပြောပါတယ်။

ဖယ်ဒရီကိုဟာ လီဗာပူးအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၈၁၀၀၀ ရမှာဖြစ်ပါတယ်။

တိုက်စစ်သမား ဗန်ဒုတ်ဟာ ချန်ပီယံရှစ်ကလပ် ဟူးစီးတီးအသင်းထံ တစ်ရာသီ အငှားထွက်ကစားမှာ ဖြစ်ပါတယ်။

ကွင်းလယ်လူ ဘာ့ဂျ်ဆဲတစ်ဟာ ဆဲလ်ဘတ်ကိုပဲ အငှားထွက်မှာပါ။ နည်းပြပပ်လင်ဒါးက သူ့တပည့်ဟောင်းကို ပွဲကစားခွင့်ပေးမှာ ဖြစ်ပါတယ်။

အသင်းရဲ့ စတုတ္ထဂိုးသမား ပီတာလူးဂါဟာ စကော့တလန်ကလပ် Livingston အသင်းထံ တစ်ရာသီ အငှားထွက်သွားပါပြီ။