

အင်္ဂလန်အနောက်မြောက်ပိုင်း ဒါဘီ ဒါမှမဟုတ် အင်္ဂလန်ဒါဘီလို့ ထင်ရှားတဲ့ လီဗာပူးနဲ့ ယူနိုက်တက်ပွဲကြိုမှာ ပြိုင်ဘက်နည်းပြ တန်ဟက်က လေတိုက်မှုတစ်ခု ပြုလုပ်လာပါတယ်။
၂၀၂၂ ခုနှစ်မှာ ယူနိုက်တက်ကို တာဝန်ယူခဲ့တဲ့ တန်ဟက်ဟာ စျေးကွက် ၅ ခုနီးပါးအတွင်း အသုံးစရိတ် ပေါင် သန်း ၆၀၀ ကျော် အသုံးပြုကာ ကစားသမား များစွာကို ခေါ်ယူထားခဲ့သူပါ။
ဒါပေမယ့် တန်ဟက်ကတော့ သူ့အသင်းမှာ သူက အခြေခံကနေ တည်ဆောက်နေခြင်းဖြစ်ကာ ဆလော့က အထိုင်ကျပြီးသား ရင့်ကျက်တဲ့ အသင်းကို အဆင့်သင့် ကိုင်တွယ်ရတာလို့ နှိုင်းယှဉ်ပါတယ်။
ယူနိုက်တက်နည်းပြက ” ဆလော့အကြောင်း ပြောချင်တာတော့ မဟုတ်ဘူးနော်။ ဒါပေမယ့် လီဗာပူးက ခြားနားတဲ့ အနေအထားတစ်ခုမှာ ရှိနေတဲ့ အသင်းဆိုတာတော့ သေချာပါတယ်။
သူတို့အသင်းက နှစ်ပေါင်းမျာစွာ အတူတွဲကစားလာတဲ့ အတွေ့အကြုံကောင်းတွေနဲ့အတူ ရင့်ကျက်တဲ့ အသင်းတစ်သင်းပဲ ဖြစ်ပါတယ်။ ကျနော်တို့ကတော့ အသင်းသစ်အဖြစ် ပြန်ပြီး တည်ဆောက်နေရဆဲ အသင်းဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ အသင်းအနေနဲ့ကော ကလပ် တည်ဆောက်ပုံပါ ရှင်းလင်းမှုရှိပါတယ်။ သူတို့အသင်းမှာ ကစားသမားတွေကြား ဆက်ဆံရေးနဲ့ မိတ်ဖတ်ဖြစ်မှုတွေဟာလည်း ရှင်းရှင်းလင်းလင်း ကောင်းမွန်မှုရှိတယ်။ နှစ်ကာလရှည် တည်ဆောက်ထားတဲ့ အသင်းတစ်သင်းကို ဆလော့က ဆက်ခံ တာဝန်ယူခွင့်ရခဲ့တာပါ။
လီဗာပူးဟာ အရင်အတိုင်း ကောင်းမွန်မှုတွေ ရှိနေဆဲဖြစ်ပြီး အဲ့တာကိုမှ ဆလော့က နည်းနည်းပါးပါး ဝင်ပြီး ပဲ့ကိုင်တာလေးတွေ လုပ်လာနေတာပါ ” ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။
အိုးထရတ်ဖိုဒ့်ကွင်းမှာတော့ ဒတ်ချ်ဘောလုံးကို ဦးဆောင်ခဲ့ဖူးတဲ့ နည်းပြနှစ်ဦး ဒီကနေ့ည ထိပ်တိုက်တွေ့ကြမှာဖြစ်ပြီး စိတ်လှုပ်ရှားစရာ ပွဲတစ်ပွဲဖြစ်လာမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။