ဒီည ယူနိုက်တက်ကို ရင်ဆိုင်မယ့် ပရီးမီးယားလိဂ်ပွဲမှာ နည်းပြဆလော့ ထုတ်သုံးမယ့် ပွဲထွက် ၁၁ ဦး စာရင်း ခန့်မှန်းခြင်း

ဒီကနေ့ည မြန်မာစံတော်ချိန် ၉ နာရီခွဲအတွင်း အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက် vs လီဗာပူးတို့ ပရီးမီးယားလိဂ်ပွဲ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

Team News

  • ကာတစ်ဂျုံး သောကြာနေ့ လေ့ကျင့်ရေးမှာ မပါခဲ့ပါဘူး။ အသေးစား ဒဏ်ရာ ရှိနေဆဲပါ။
  • ခီယေဆာကို ရွေးချယ်လို့ရပေမယ့် အလျင်စလို ထည့်လာဖို့ မရှိပါဘူး။
  • သောကြာနေ့ ၂၅ ဦးပါ လေ့ကျင့်ရေးမှာ အဓိက ကစားသမား အားလုံး စုံလင်ခဲ့ပါတယ်။

Liverpool’s XI vs. United

အပြောင်းအရွှေ့ စျေးကွက် ပိတ်ခဲ့ပြီမို့ လက်ရှိ လူစာရင်းနဲ့ပဲ နည်းပြဆလော့ဟာ ဇန်နဝါရီထိ ရှေ့ဆက်ရမှာဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ကိစ္စကတော့ မော်တန်ကို အသင်းမှာ ဆက်ထိန်းထားခဲ့တာမို့ ဖလားပွဲတွေမှာ စပြီး သူ့ကို နေရာချပေးဖွယ် ရှိပါတယ်။

နယ်သာလန်နည်းပြဟာ အဖွင့် ၂ ပွဲအတွင်း ပွဲထွက်လူစာရင်းမှာ တစ်ကြိမ်ပဲ အပြောင်းအလဲ လုပ်ထားခဲ့ပါတယ်။ ကွမ်းဆက်နေရာ ကိုနတေးကို ထည့်ခဲ့ခြင်းဖြစ်ပြီး ကျန် ၁၀ နေရာကို အပြောင်းအလဲ မလုပ်ထားပါဘူး။

လက်ရှိ လီဗာပူးပရိသတ်တွေကို ပွဲထွက် ၁၁ ဦး ရွေးချယ်ခိုင်းမယ်ဆိုရင်လည်း ဆလော့ ရွေးနေတဲ့ ၁၁ ဦးကိုပဲ ရွေးထုတ်ကြမှာပါ။ ဂက်ပို၊ ဒါဝင်တို့ရဲ့ အရန်ခုံကနေ ထလာတဲ့ ခြေစွမ်းက ဒီယက်ဇ်၊ ဂျိုတာကို ကျော်ဖြတ်ဖို့ မလွယ်လှပါဘူး။

လက်ရှိ လူစာရင်းမှာ ဟာဗေးတောင် ပွဲကစားချိန် သိပ်နည်းနေသေးသလို တစ်ပတ် ၁ ပွဲပဲ ကစားနေရချိန်မှာ စီနီယာ အားလုံးအတွက် ပွဲကစားခွင့်တွေ စီမံပေးနိုင်ဦးမှာ မဟုတ်ပါဘူး။

ယူနိုက်တက်ပွဲအဖြစ် ဖြစ်လာဖွယ် ပွဲထွက် လူစာရင်း အယ်လီဆန်၊ ထရန့်၊ ကိုနတေး၊ ဗန်ဒိုက်၊ ရော်ဘတ်ဆန်၊ ဂရာဗင်ဘက်ချ်၊ မာကာ၊ ဆိုဘို၊ ဒီယက်ဇ်၊ ဆာလာ၊ ဂျိုတာ။