အိုးထရတ်ဖိုဒ့်က ယူနိုက်တက် ၀-၃ လီဗာပူးပွဲကို ဗြိတိန်က အားကစားကလောင်ရှင်တွေ ဘယ်လိုတွေ မှတ်ချက်ပေးကြလဲ LFCThaDin ဖတ်ရှုသူတွေနဲ့အတူ လေ့လာကြည့်ကြရအောင်ပါ။
ယူနိုက်တက်က အရှက်ခွဲခံလိုက်ရတာ၊ ဒါက ၇-၀ နဲ့ ရှုံးတဲ့ပွဲလိုပါပဲ [The Telegraph]
လီဗာပူးအသင်း အရှက်ခွဲတာကို ယူနိုက်တက်ကို ခံစားခဲ့ရတာပါ။ ၂၀၂၃ မတ်လတုန်းက အန်ဖီးမှာလို ၇-၀ နဲ့ ရှုံးတာ မဟုတ်ဘူး၊ ၂၀၂၁ အောက်တိုဘာတုန်းက အိုးထရတ်ဖိုဒ့်ပွဲကလို ၅-၀ နဲ့ ရှုံးတာလည်း မဟုတ်ဘူး။ ဒါပေမယ့် အရှက်ကွဲတာကတော့ အဲ့ပွဲတွေနီးနီးပါပဲ။
ဒါဟာ လီဗာပူးရဲ့ လွှမ်းမိုးနိုင်စွမ်းပါပဲ။ ဒီပွဲက လီဗာပူးနည်းပြသစ် အာနယ် ဆလော့အတွက် စမ်းသပ်ခံပွဲဆိုရင် သူက ပြတ်ပြတ်သားသားကြီးကို ကျော်ဖြတ်ပြသွားပါပြီ။ အစ်ဝစ်နဲ့ ဘရန့်ဖိုဒ့်ကို အသာအယာ အနိုင်ယူအပြီး မဟာပြိုင်ဘက်ကြီးကို ရင်ဆိုင်ရပေမယ့် မဟာပြိုင်ဘက်ကို ယှဉ်ပြိုင်ရတာလို့ ပြောရသလောက်တောင် မပြင်းထန်ခဲ့ပါဘူး။
တန်ဟက်အတွက် ဒီထက်ပို ခြောက်ခြားဖို့ ကျန်ပါဦးမလား [The Guardian]
အာနယ် ဆလော့အတွက် ဒီထက်ပိုပြီး ပြီးပြည့်စုံတဲ့ နေ့ခင်းတစ်ခု မရှိနိုင်တော့ပါဘူး။ ဒါမှမဟုတ် တန်ဟက်အတွက် ဒီထက်ပို ခြောက်ခြားရစရာ မရှိတော့တာမျိုးဖြစ်ရင်ဖြစ်မှာပေါ့။
အစ်ဝစ်ချ်၊ ဘရန့်ဖိုဒ့်ကို အနိုင်ရထားတဲ့ လီဗာပူးက အက်ဆစ်လို ပြင်းထန်တဲ့ စမ်းသပ်ခံရမှုမှာ အနိုင်ရခဲ့ပြန်တယ်။ ယူနိုက်တက်ကတော့ ဆိုးရွားလှတဲ့ ကာဆီမီရို စွမ်းဆောင်ရည်နဲ့အတူ ကပ်ဘေးဆိုးကြီးကို ကျော်ဖြတ်ခဲ့ရပါတယ်။
ဆာလာကို သက်တမ်းမတိုးနိုင်လေ ယူနိုက်တက် ပျော်လေ [Mirror Football]
အိုးထရတ်ဖိုဒ့်မှာ ဆာလာရဲ့ သွင်းဂိုး အာရုံခံနိုင်စွမ်းဟာ ရှောင်လွဲမရတော့တဲ့ကိစ္စ ဖြစ်လာနေပါတယ်။ ယူနိုက်တက် ကွင်းလယ်ဗဟိုချက်ကနေ ဘောလုံးဆုံးရှုံးခဲ့ပြီး ဒီတစ်ကြိမ်တော့ မိုင်နူးကို ကျော်ဖြတ်သွားကြတာပါ။
ဆာလာက အိုထရတ်ဖိုဒ့်မှာ ၇ ပွဲဆက် ဂိုးသွင်းနိုင်သလို ဒီကာလတွေအတွင်း ၁၀ ဂိုးလောက် ပစ်သွင်းထားတာပါ။ စာချုပ်တစ်နှစ်ပဲ ကျန်တော့တဲ့ သူ့ကို လီဗာပူးတို့ စာချုပ်သစ် အမြန်ပေးသင့်နေပါပြီ။ ယူနိုက်တက်ကတော့ ဆာလာ အနှေးနဲ့အမြန် လီဗာပူးက ထွက်သွားဖို့ကို မျှော်လင့်နေမှာပါ။
လီဗာပူးက ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မှာ [Broadcaster Adam Catterall]
လီဗာပူးက အမှတ်ပေးဖလား ပြိုင်ဆိုင်မှုထဲ အမှန်အကန် တိုးဝင်လာပါပြီ။ ဆလော့က အမှန်အကန်ကြီးတွေ လုပ်နေသလို ပိုလည်း အညှာအတာကင်းတဲ့သူပဲ။ ဂရာဗင်ဘက်ချ်က နံပါတ် ၆ ရိုးမှာ အလုပ်ဖြစ်နေတယ်။ ဘောလုံးတွေ ဆက်ထိန်းနေတယ်။ အမှားတစ်ခုတွေ့ရင် ချက်ကောက်ကို ပစ်ထိုးဖို့ စောင့်နေပါတယ်။