ဆာလာ စာချုပ်ကိစ္စ၊ နံပါတ် ၆ နေရာ ဘာပလန်ရှိနေလဲ၊ အကောင်းဆုံးအသင်းထဲ ဒီယက်ဇ် တစ်ဦးတည်းပါလာခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ရဲ့ စာချုပ်ကိစ္စဟာ အပြောလွယ်သလောက် ဖြေရှင်းဖို့ ခက်ခဲဦးမယ့် ကိစ္စအဖြစ် သတင်းထောက် အွန်စတိုင်းက ပြောလာပါတယ်။ ဒါပေမယ့် လီဗာပူးအသင်းဘက်က ဖြေရှင်းနိုင်ရေး အားထုတ်မှာပါလို့ သူက ပြောပါတယ်။

အခြားတသင်းထောက်ဖြစ်တဲ့ David Lynch ကတော့ ဆာလာကိုယ်တိုင်က ဆက်နေလိုကြောင်း သဘောထား ပြသခြင်းက လီဗာပူးကို လုပ်ရကိုင်ရ ပိုအဆင်ပြေစေမယ်လို့ ယုံကြည်နေပါတယ်။

စက်တင်ဘာ နိုင်ငံတကာသီတင်းပတ်မှာ အီတလီအသင်းနည်းပြဟာ အရန်အဖြစ် သုံးဖို့ ခီယေဆာကို ခေါ်လိုခဲ့ပြီး တိုက်စစ်သမားက အသင်းသစ်မှာ လုပ်စရာလေးတွေ ရှိတာကြောင့် လူစာရင်းက ဖယ်ထုတ်ပေးဖို့ အဆင်ပြေပြေ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အနောက်မြောက်ဒါဘီပွဲမှာ လီဗာပူးက ယူနိုက်တက်ကို ဖျက်ဆီးခဲ့ပြီး ကလေးနဲ့ လူကြီး ကန်သလိုဖြစ်ခဲ့တယ်လို့ တိုက်စစ်မှူးဟောင်း အလန်ရှီးယားက မှတ်ချက်ပေးပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ဖလား အဓိက စိန်ခေါ်မယ့် ၂ သင်းဟာ မန်စီးတီးနဲ့ လီဗာပူးတို့ဖြစ်သွားနိုင်ပြီး အာဆင်နယ်တောင် ဘေးရောက်သွားနိုင်တယ်လို့ ပေါစခိုးက ပြောလာပါတယ်။

ဂယ်ရီနဗီး အပါအဝင် ယူနိုက်တက် ကစားသမားဟောင်းတွေက အိုးထရတ်ဖိုဒ့်မှာ ဆိုဘိုစလိုင်ရဲ့ ဂိုးသွင်းဖို့ တုန့်ဆိုင်းခဲ့ခြင်းကို အတော်လေး ဒေါသထွက်နေကြပြီး လီဗာပူး ကွင်းလယ်လူထံက အရှက်ခွဲခံရတာလို့ ထင်မြင်နေပါတယ်။

လီဗာပူးအသင်းဟာ နံပါတ် ၆ နေရာအတွက် ရည်ရွယ်ချက်ကြီးရှိထားပြီး ဗန်ဒိုက်ကို ခေါ်ယူသလိုပဲ ကြံ့ခိုင်မှုကောင်းပြီး အမြဲတမ်း အဆင်သင့်ရှိမယ့် ထိပ်တန်းကစားသမားမျိုး ခေါ်ယူလိုတာဖြစ်ပြီး ပျားပန်းခတ် လှုပ်ရှားမှုဖြင့် အလျင်စလို ခေါ်ယူမှု မလုပ်လိုကြောင်း The Athletic က ဖော်ပြပါတယ်။

ဇူဘီမန်ဒီကို လီဗာပူးက အထင်ကြီးဆဲလို့ ရိုမန်နိုက ဖော်ပြပါတယ်။ ကလပ်ဟာ အပြောင်းအရွှေ့ ဖြစ်မြောက်ပြီးမှ အကြောင်းကြောင့် ငြင်းဆန်ခံရရင် ဒုတိယအကြိမ် ထပ်ကြိုးစားတာမျိုး မြင်ရခဲ့ပါတယ်။

ဒီအပတ် WhoScored ရဲ့ ပရီးမီးယားလိဂ် အကောင်းဆုံးအသင်းမှာ ဒီယက်ဇ် ပါလာခဲ့ပေမယ့် ဆာလာ၊ ဂရာဗင်ဘက်ချ်တို့ မပါခဲ့ကြပါဘူး။