လီဗာပူး ကစားသမားဟောင်းတွေဖြစ်တဲ့ ဖာနန်ဒို တောရက်စ်နဲ့ အဘီလိုအာတို့ဟာ ဘောလုံးသမားဘဝတွေကနေ အနားယူခဲ့ပြီးနောက် လက်ရှိမှာတော့ လူငယ်အသင်း နည်းပြတွေအဖြစ် ဒါဘီပြိုင်ဘက်တွေမှာ တာဝန်ယူနေကြပြီ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်တည်းက မက်ဒရစ် အခြေစိုက် အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ ယူ-၁၉ အသင်းကို တောရက်စ် ကိုင်တွယ်နေတာပါ။ ဒီတလောမှာပဲ ရာထူးတက်လာတဲ့ အဘီလိုအာကလည်း မက်ဒရစ် အခြေစိုက် ရီးရဲလ်မက်ဒရစ် ယူ-၁၉ အသင်းကို ကိုင်တွယ်နေတာ ဖြစ်ပါတယ်။
နှစ်သင်းဟာ မက်ဒရစ်မှာ လူငယ်ချန်ပီယံဖလား ကွာတားဖိုင်နယ်ပွဲအဖြစ် ထိပ်တိုက်တွေ့ခဲ့ကြပြီး တချိန်က ကလပ်အသင်းဖော်ဟောင်း နှစ်ဦးဟာ ပြိုင်ဘက်တွေအဖြစ် ပြန်လည် ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
မက်ဒရစ်ဘက်က တိုက်စစ်သမား လဲကျနေခဲ့ချိန် အက်သလက်တီကိုဘက်က ဘောလုံးကို ဘေးမထုတ်ပေးရာက နည်းပြနှစ်ဦး စကားများခဲ့ကြတာ ဖြစ်ပါတယ်။
Former Liverpool teammates Fernando Torres and Alvaro Arbela managed against each other today.
Torres got sent off for telling Arbeloa:
“I’ll blow your head off.” [@relevo] pic.twitter.com/8Ofy18i6qT
— The Anfield Talk (@TheAnfieldTalk) May 14, 2023
တင်းနေတဲ့ တောရက်စ် ” ငါမင်းကို အပြတ်ဖြုတ်ပစ်မယ်” လို့ ဒေါသတကြီး ပြောခဲ့သလို အဘီလိုအာကလည်း ” မင်းကြိုက်တဲ့အချိန် စလိုက်လို့ရတယ်နော်” လို့ တုန့်ပြန်ခဲ့ကာ နှစ်ဦးသား တွန်းတိုက်မှုတွေပါ ဖြစ်ခဲ့ကြပါတယ်။
နောက်ပိုင်းမှာတော့ အဘီလိုအာက အဝါကဒ် ပြသခံခဲ့ရပြီး တောရက်စ်ကတော့ အနီကဒ် ပြသခံခဲ့ရကာ ကွင်းထဲက ထွက်သွားခဲ့ရတယ်။ ပွဲက ၂-၂ ရလဒ် ထွက်ပေါ်ခဲ့ပြီး နှစ်ကျော့ပေါင်း ၄-၂ နဲ့အတူ ရီးရဲလ်မက်ဒရစ်က နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။
စပိန်လက်ရွေးစင်မှာကော လီဗာပူးအသင်းမှာပါ ပွဲပေါင်း ၉၄ ပွဲ အတူ တွဲကစားဖူးတဲ့ တောရက်စ်နဲ့ အဘီလိုအာတို့ဟာ မက်ဒရစ်မှာ ဒါဘီပြိုင်ဘက် ဖြစ်နေသလို ဂျာမနီမှာ အလွန်ဆိုကလည်း လေဗာကူဆင်အသင်းနဲ့ တောက်ပနေတာပဲ ဖြစ်ပါတယ်။