လီဗာပူးအသင်းနဲ့ ဆာလာတို့ဟာ မီဒီယာထက်ကနေပဲ အားစမ်းနေကြပြီး အသင်းဘက်ကတော့ အသက် ၃၃ နှစ်ရောက်တော့မယ့် တိုက်စစ်သမားကို ၁ နှစ် ဒါမှမဟုတ် ၂ နှစ် သက်တမ်းတိုးတာမျိုး လုပ်လိုကြောင်း လေသံပြန်လွှင့်နေပါတယ်။
လီဗာပူးအသင်းဟာ အသက် ၃၀ အထက် ကစားသမားတွေကို ကာလရှည် စာချုပ်မပေးတော့တဲ့ ပေါ်လစီရှိထားကာ ဗန်ဒိုက်နဲ့ ဆာလာတို့ကို ၂ နှစ်စာချုပ်ပေးခဲ့ရင် သူတို့ ကစားသမားဘဝ ၃၅ နှစ်အရွယ်တွေထိ အန်ဖီးမှာ ဆက်ရှိစေမှာဖြစ်ပါတယ်။
အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက်ကို ဖြိုချသွားတဲ့ လီဗာပူးခြေစွမ်းအတွက် နည်းစနစ်ပိုင်း သုံးသပ်တဲ့ ဗီဒီယိုတွေ ပလူပျံအောင် ထွက်လာနေပြီး အားလုံးကတော့ အာနယ် ဆလော့ရဲ့ စနစ်ဟာ နိုင်ပွဲရှာနိုင်ရေး ပြီးပြည့်စုံလုနီးပါး ရှိခဲ့တယ်လို့ ဆိုပါတယ်။
နယ်သာလန် လက်ရွေးစင်နည်းပြ ကိုးမန်းက လက်ရွေးစင်အသင်းမှာ ဂရာဗင်ဘက်ချ်ကို ပွဲကစားခွင့်မပေးခဲ့တာဟာ အာရုံစိုက်မှု နည်းပါးပြီး တိုးတက်ဖို့ လိုသေးခြင်းကြောင့်လို့ မီဒီယာက တစ်ဆင့် မှတ်ချက်ပေးပါတယ်။
ဒတ်ချ်ပြည်တွင်း အားကစားသတင်းစာတွေကတော့ ဂရာဗင်ဘက်ချ်ရဲ့ ခြေစွမ်းကို ကမ္ဘာ့အဆင့်လို့ သုံးနှုန်းနေကြပြီး ဒါကို လက်ရွေးစင် နည်းပြက မြင်နိုင်စွမ်းမရှိ ဖြစ်နေတယ်လို့ ထောက်ပြနေကြပါတယ်။
အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်ဟာ ဗြိတိန်ဘောလုံးအသိုင်းအဝိုင်းနဲ့ ဒါရိုက်တာရာထူး ရယူသူတွေကြားမှာ အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်တွေ ပြသနေကြောင်း မှတ်ချက်ကောင်းရနေပါတယ်။
လီဗာပူးဘက်က ဇူဘီမန်ဒီကို အထင်ကြီးမှုရှိနေဆဲဖြစ်သလို အသင်းရဲ့ နံပါတ် ၆ နေရာမှာ နည်းစနစ်ပိုင်းအရ တာဝန်ယူနိုင်စွမ်းရှိသူအဖြစ် သဘောကျနေဆဲပါ။
၂၀၁၇ နွေမှာ လီဗာပူးဘက်က ခေါ်ယူဖို့ ကြိုးစားခြင်း မအောင်မြင်ခဲ့ပေမယ့် ၂၀၁၈ ဇန်နဝါရီမှာ စံချိန်တင်ကြေးဖြင့် ဗန်ဒိုက် ရောက်လာခဲ့သလို ဇူဘီမန်ဒီကလည်း ဇန်နဝါရီမှာ လီဗာပူးထံ ရောက်လာနိုင်ဆဲလို့ သုံးသပ်နေကြပါတယ်။
ခံစစ်မှူး မာတစ်ဟာ ဝက်စ်ဟမ်းကစားသမားသစ်အဖြစ် အင်္ဂလန်ကို ပြန်ရောက်လာနိုင်ဆဲဖြစ်ပါတယ်။
နိုင်ငံတကာသီတင်းပတ်မှာ ဗန်ဒိုက်၊ ထရန့်၊ မာကာ၊ ဒီယက်ဇ် အပါအဝင် လီဗာပူး အသင်းသား ၂၀ က လက်ရွေးစင်တာဝန်တွေကို ထမ်းဆောင်ဖို့ သက်ဆိုင်ရာ အသင်းတွေနဲ့ ပူးပေါင်းထားကြပါတယ်။