လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ် လူစာရင်းမှာ ဟေး၊ ဂျာရိုစ့်၊ မော်တန်၊ နယ်လို၊ နိုင်ယွန်နီတို့ကိုလည်း ထည့်သွင်းလိုက်ပါတယ်။ ကလပ်ဘက်က လေ့ကျင့်ပေးထားတဲ့ အကယ်ဒမီထွက် လိုအပ်ချက်အရ လူငယ်တွေကိုပါ ထည့်သွင်းထားတာပါ။
တိုက်စစ်သမား ဒီယက်ဇ်ကို သက်တမ်းတိုးဖို့ လီဗာပူးဘက်က စီစဉ်နေကြောင်း သတင်းထွက်နေပါတယ်။ အခုထိတော့ ဆာလာ၊ ဗန်ဒိုက်၊ ထရန့်ကိစ္စ ထူးထူးခြားခြား မကြားရသေးပါဘူး။
လီဗာပူးအသင်းဟာ ချယ်ဆီးအကယ်ဒမီမှ အတောက်ပဆုံး တောင်ပံသမားလို့ သတင်းထွက်ထားတဲ့ ရီယိုကို အသင်းအကယ်ဒမီအတွက် ခေါ်ယူနိုင်ခဲ့ပါပြီ။
ဒီလူငယ်လေးကို လက်မှတ်ထိုးနိုင်ရေး လီဗာပူးအသင်းက ကလပ်ရဲ့ အကယ်ဒမီ လုပ်ခပေးချေမှု စံနှုန်းကို ဖောက်ဖျက်ခဲ့ရတာကို ကြည့်ရင် ရီယို အပေါ် ဘယ်လောက်ထိ မျှော်လင့်ထားလဲ သိမြင်ကြပါလိမ့်မယ်။
၂၀၂၄ ခုနှစ် ဘလွန်းဒီအောဆု ဆန်ကာတင် ၃၀ စာရင်းမှာ ဆာလာ အပါအဝင် လီဗာပူး ကစားသမား တစ်ဦးမှ မပါလာခဲ့ပါဘူး။
2024 Yachine ဆုအတွက် ဆန်ကာတင် စာရင်းမှာ လီဗာပူးအသင်း ပေါင် သန်း ၃၀ ဖြင့် ခေါ်ယူထားပြီး ဗလန်စီယာထံ အငှားချထားတဲ့ မာမာဒီရှီဗီလီ ပါဝင်လာပါတယ်။
အလိမ်အညာ ဖော်စက်ဖြင့် ရီယို ဖာဒီနန်ကို ဗန်ဒိုက်က မင်းထက် ပိုကောင်းတယ် ထင်လားလို့ မေးရာမှာ ရီယိုက မထင်ဘူးလို့ ဖြေခဲ့ပါတယ်။ ဒါပေမယ့် ဖော်စက်ကတော့ ရီယိုက ညာပြီဖြေတာလို့ ဆိုပါတယ်။
Q: Is Virgil van Dijk better than you?
Rio Ferdinand: "No."
Lie detecter: ❌ FALSE ❌pic.twitter.com/9hpqzu34oG
— Anything Liverpool (@AnythingLFC_) September 4, 2024
ရာသီစ ၃ ပွဲမှာ ဂရာဗင်ဘက်ချ် ခြေစွမ်းကောင်းနေတာအတွက်ကြောင့်နဲ့ လီဗာပူးရဲ့ ကွင်းလယ်ခံစစ်နေရာ လူသစ် ရှာဖွေမှုက ရပ်တန့်သွားမှာ မဟုတ်ဘဲ ကစားသမား ကင်းထောက်မှုတွေ ဆက်လုပ်နေဆဲပါ။
အင်္ဂလန် ယူ-၁၈ အသင်းနဲ့ ပေါ်တူဂီ ယူ-၁၈ အသင်းတို့ပွဲမှာ လီဗာပူး ကွင်းလယ်လူ နိုင်ယွန်နီက ဂိုးသွင်းခဲ့ပါတယ်။