မာကာ ဒဏ်ရာရတယ်လို့ ထပ်ပြောလာပြန်၊ ဆာလာ သက်တမ်းတိုးလိုခြင်း၊ ရီယိုပါ လေ့ကျင့်ရေးဝင်နေခြင်း၊ ကွင်းလယ်ပိုင်း စောင့်ကြည့်နေခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

နိုင်ငံတကာသီတင်းပတ်အတွင်း အက်ဆာမှာ ခီယေဆာနဲ့ ကစားသမား အချို့ဟာ လီဗာပူးနည်းပြအဖွဲ့နဲ့အတူ လေ့ကျင့်ရေးတွေ ဆက်ဝင်နေဆဲပါ။

မနက်က ချီလီကို ၃-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ မာကာ ပါဝင်ခဲ့ပြီး ဂိုးသွင်းခဲ့ပေမယ့် ဒဏ်ရာရခဲ့တယ်လို့ အာဂျင်တီးနားနည်းပြရဲ့ ထုတ်ပြောချက်အရ သိရပါတယ်။ မာကာဟာ ကိုလံဘီယာပွဲ ပါဝင်ကစားဖို့ မသေချာပါဘူး။

လူငယ်ကြယ်ပွင့်သစ် ရီယိုဟာ အက်ဆာမှာ ခီယေဆာနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့ နှစ်ဦးလုံး လေ့ကျင့်ရေးမှာ အလားအလာကောင်းတွေကို ချက်ခြင်း ပြသနေပါတယ်။

လီဗာပူး ယူ-၁၅ အသင်းမှ တောင်ပံသမား Joshua Abe ဟာ ထူးချွန်တဲ့ ဘောလုံးစွမ်းရည်အတွက် နာမည်ထွက်နေပြီး အင်္ဂလန်ရဲ့ အနာဂတ်အဖြစ် ချီးကျူးခံနေရပါတယ်။

ကွင်းလယ်အတွက် စောင့်ကြည့်မှုထဲ ပဲလေစ့်အသင်းမှ ဝါတာလည်း ပါဝင်ထားပါတယ်။ လူငယ် ကွင်းလယ်လူဟာ ယူရိုတုန်းက အင်္ဂလန်အတွက် ရွေးချယ်ခံခဲ့ရပါသေးတယ်။

ဟာဗေးဟာ ကြံ့ခိုင်မှုဆိုင်ရာ အကြောင်းရင်းနဲ့အတူ အင်္ဂလန် ယူ-၂၁ အသင်းကနေ နှုတ်ထွက်ပြီး လီဗာပူးကို ပြန်ရောက်နေပါပြီ။

မိုဆာလာဟာ လီဗာပူးအသင်းနဲ့ သက်တမ်းတိုးလိုစိတ် ရှိနေပါတယ်။ အဓိကအားဖြင့် မိသားစုတွေ လီဗာပူးမှာ အထိုင်ကျနေတာမို့ နှစ်အနည်းငယ် ဆက်နေလိုနေတာပါ။

ကွင်းလယ်လူ ကာတစ်ဂျုံးဟာ မြက်ခင်းပြင်မှာ ပြန်ပြီး လေ့ကျင့်နေပါပြီ။ နိုင်ငံတကာ သီတင်းပတ်အပြီး ဖောရက်စ်ပွဲမှာ ပါဝင်ပေးဖို့ အဆင်သင့် ဖြစ်နေမှာပါ။

ဝါတာရူဟာ ဂျပန်အသင်းက တရုတ်အသင်းကို ၇-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ သွင်းဂိုး ၁ ဂိုး ရယူသွားပါတယ်။

ဆာလာနဲ့ အာနယ် ဆလော့တို့ဟာ ဩဂုတ်လအတွက် အကောင်းဆုံး ကစားသမားနဲ့ နည်းပြဆုအတွက် ဆန်ကာတင်ထဲ ပါဝင်သွားပါတယ်။