စာချုပ်သစ်ချုပ်ပြီး လီဗာပူးမှာ ဆက်နေဖို့ ဆာလာ ရွေးချယ်နိုင်တဲ့ အဓိက အကြောင်းရင်း ၄ ချက်

မိုဆာလာရဲ့ စာချုပ်ကိစ္စ သတင်းကောင်းတွေ ဆက်တိုက် ကြားလာနေရပြီး အခုချိန်ထိတော့ ဒါဟာ ကလပ်ဘက်က တရားဝင် လှုပ်ရှားမှုတွေ မဟုတ်သေးပါဘူး။

အခုချိန်ဟာ လီဗာပူးနဲ့ ဆာလာကြား အားစမ်းနေကြတဲ့ ကာလဖြစ်ပြီး ၂၀၂၅ မှာ ကုန်ဆုံးမယ့် စာချုပ်ကို အသက်သွင်းလိုစိတ် ရှိသလား လေ့လာနေကြတာပါ။

ဆာလာက အသင်းဘက်က စာချုပ်သစ်ပေးလာရင် လက်ခံမယ့် သဘောထား ပြသလာကာ နှစ်ကာလနဲ့ လုပ်ခကိစ္စလို ငွေကြေးဆိုင်ရာ အချက်တွေက ညိနှိုင်းရနိုင်ပါတယ်။

လီဗာပူးမှာ ဆက်နေဖို့ ဆာလာ ရွေးချယ်နိုင်တဲ့ အကြောင်းရင်း ၄ ချက်က အောက်ပါအတိုင်းပါပဲ။

၁) မိုဆာလာဟာ ပရီးမီးယားလိဂ်က သူ့ရဲ့ မှတ်တမ်းတွေကို ဆက်ပြီး ချိုးဖျက်လိုနေဆဲပါ။ သူဟာ လီဗာပူးသမိုင်းမှာ ဂိုးသွင်းအများဆုံး တိုက်စစ်မှူးဖြစ်တဲ့ အီရန်ရှပ်ရဲ့ မှတ်တမ်းအပြင် ပရီးမီးယားလိဂ် မှတ်တမ်းပေါင်း များစွာကို ချိုးဖျက်နိုင်ဖို့ အနီးစပ်ဆုံး အခြေအနေကောင်းမှာ ရှိနေတာပါ။

2) ဆာလာက အားကစားဂုဏ်သိက္ခာကြီးမားသူ ဖြစ်လိုနေပါသေးတယ်။ ဆော်ဒီလိဂ်မှာ ငွေကြေးများစွာရပေမယ့် ခရစ္စတီယာနို ရော်နယ်ဒိုကလွဲရင် ဆော်ဒီကို ပြောင်းသွားတဲ့ များစွာသော ကစားသမားတွေဟာ ကမ္ဘာဘောလုံးလောကမှာ အရှိန်အဝါ ထိုးကျသွားပါတယ်။ ဆာလာက ထိပ်တန်းအဆင့်မှာ ဆက်ကစားလိုနေပါတယ်။

3) ဆလော့ရဲ့ ကစားဟန်။ မိုဆာလာက နည်းပြဆလော့ရဲ့ ကစားဟန်ကို သဘောကျပါတယ်။ နယ်သာလန်သား နည်းပြရဲ့ နည်းစနစ်တွေက စိတ်ဝင်စားဖို့ကောင်းကြောင်း မကြာခဏ ထုတ်ပြောထားပြီး တိုက်စစ်မြှားဦးမှာ လုပ်ပိုင်ခွင့်တွေရနေခြင်းကိုလည်း ဆာလာက သဘောကျပါတယ်။

4) မိသားစုရေးရာကြောင့်။ အဓိကအားဖြင့် မိုဆာလာရဲ့ သမီးဟာ အင်္ဂလန်အနောက်မြောက်ပိုင်းမှာ အသားကျနေပါပြီ။ လူမှုရေးရာနဲ့ ကလေးရဲ့ ပညာရေးကြောင့် လီဗာပူးမြို့မှာ ဆက်နေရဖို့ ဆာလာက ဆန္ဒရှိနေပါတယ်။