

ပီရူး ၁-၁ ကိုလံဘီယာပွဲမှာ လူးဝစ်ဒီယက်ဇ်ဟာ လက်ရွေးစင်အသင်းအတွက် အရေးပါတဲ့ ခြေပဂိုးကို ခေါင်းတိုက် သွင်းယူသွားခဲ့ပါတယ်။
Netflix နဲ့ လီဗာပူးပိုင်ရှင်အဖွဲ့ FSG တို့ ပူးပေါင်းပြီး မှတ်တမ်းရုပ်ရှင် စီးရီး ရိုက်ကူးဖို့ သဘောတူညီခဲ့ပါပြီ။ FSG အကြောင်း ရိုက်ကူးရင် သေချာပေါက် လီဗာပူးအသင်း အကြောင်းလည်း ပါဝင်လာမှာပါ။
အာဂျင်တီးနားမှာ မာကာရခဲ့တာက မသက်မသာ နာကျင်မှုဖြစ်ပြီး ဒဏ်ရာ မဟုတ်ဘူးလို့တော့ ကနဦး သတင်းထွက်နေပါတယ်။ အဆိုပါ နာကျင်မှုဟာ ပြင်းထန် ဒဏ်ရာအဆင့်ဆိုရင် ၄ လ နားရမှာဖြစ်ကာ သာမာန် နာကျင်မှုဆိုရင် သီတင်းပတ်လောက်နဲ့ သက်သာပါတယ်။
လီဗာပူးကစားသမားဟောင်း လူးဝစ် ဆွာရက်ဇ်ဟာ လက်ရွေးစင်ကစားသမား ဘဝက အနားယူပြီဖြစ်ကာ ဒီမနက်မှာ သူ့ရဲ့ နောက်ဆုံးပွဲကို ကစားခဲ့ပါတယ်။
အင်္ဂလန် ယူ-၂၁ ပွဲမှာ ပွဲထွက်လူစာရင်းက ပါဝင်ခဲ့တဲ့ ကွမ်းဆက်ဟာ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုပါ ရရှိသွားပါတယ်။
နိုင်ငံတကာပွဲတေါအပြီး ပွဲတွေပြန်များလာတော့မှာမို့ သူ့အတွက် သေချာပေါက် အခွင့်အရေး ရှိလာမှာပါလို့ ကွင်းလယ်လူ အန်ဒိုက ယုံကြည်နေပါတယ်။
ဗန်ဒိုက်နေရာ ရေရှည် အားဖြည့်ဖို့ရာ လေဗာကူဆင်အသင်းမှ ခံစစ်မှူး ဂျွန်နသန် တက်ကို လီဗာပူးဘက်က စောင့်ကြည့်နေပါတယ်။
လီဗာပူးက ဆာလာကို စာချုပ်သစ်ပေးမယ့် အကြောင်း ဒီအပတ်တွေအတွင်း သတင်းကြီးနေပေမယ့် ဒီကိစ္စ တိုးတက်လာဖို့ရာ လအနည်းငယ် အချိန်ကြာနိုင်ဆဲဖြစ်ပါတယ်။
စျေးကွက်ကို အခြေခံတွက်ချက်တဲ့ ဒီရာသီ ပရီးမီးယားလိဂ်ကလပ်တွေ လုပ်ခဲ့တဲ့ အကောင်းဆုံးနဲ့ အတန်ဆုံး အပြောင်းအရွှေ့တွေထဲမှာ လီဗာပူး ခေါ်ယူခဲ့တဲ့ မာမာဒီရှီဗီလီ၊ ခီယေဆာတို့ နှစ်ဦးလုံး ပါဝင်တယ်လို့ The Athletic က ဖော်ပြပါတယ်။
ဘရန့်ဖိုဒ့် တိုက်စစ်သမား အမ်ဘီမိုကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲ လီဗာပူးကလည်း အာဆင်နယ်နဲ့အပြိုင် ပါဝင်နေပါတယ်။