

လီဗာပူးအသင်းဟာ ဒီနွေမှာ ခေါ်ယူရေး မအောင်မြင်ခဲ့တဲ့ ကွင်းလယ် နံပါတ် ၆ နေရာအတွက် အစားထိုးဖို့ ဆက်လက် ကြိုးစားနေဆဲဖြစ်ပါတယ်။
ရီးရဲလ်ဆိုစီဒက်မှ ဇူဘီမန်ဒီကို ပစ်မှတ်ထားခဲ့ရာမှာ ငြင်းဆန်ခံလိုက်ရပေမယ့် စပိန်သားဟာ အာနယ် ဆလော့ရဲ့ နည်းစနစ်မှာ အံ့ဝင်မယ့်သူအဖြစ် လီဗာပူးအသင်းရဲ့ အထင်ကြီးမှုက ဆက်ရှိနေဆဲပါ။
ဇန်နဝါရီမှာ ဇူဘီမန်ဒီအတွက် နောက်တစ်ကြိမ် ကြိုးစားဖို့ဟာ မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ပေမယ့် လီဗာပူးအသင်းဘက်က အခြားသော ကွင်းလယ်လူတွေကိုလည်း အကဲဖြတ်မှု လုပ်နေပါတယ်။
ဗြိတိန်အားကစားသတင်းထောက်တွေကတော့ လီဗာပူးအသင်းဟာ မန်စီးတီး၊ နယူးကာဆယ်တို့နဲ့အပြိုင် ပဲလေစ့် ကွင်းလယ်လူ ဝါတန်ကို စိတ်ဝင်စားနေတယ်လို့ ဖော်ပြနေကြတယ်။
၂၀၂၄ ဇန်နဝါရီကမှ ဘလက်ဘန်းကနေ ပဲလေစ့်ကို ပေါင် ၂၂ သန်းဖြင့် ရောက်ရှိခဲ့ပြီး ထွန်းတောက်လာတဲ့ အသက် ၂၀ အရွယ် ကွင်းလယ်လူဟာ ယူရိုတုန်းကလည်း အင်္ဂလန်လူစာရင်းထဲ ပါဝင်ခဲ့ပါတယ်။
ပဲလေစ့်မှာ ကွင်းလယ်ခံစစ်သမားအဖြစ် ကစားနေပေမယ့် ပိုင်ဆိုင်မှု အသားပေးတဲ့ အသင်းတွေမှာ ဘောလုံးကိုင်ကစားနိုင်စွမ်း ရှိသူအဖြစ်လည်း မှတ်ယူခံရတယ်။ သူ့ရဲ့ အလားအလာ၊ ကြံ့ခိုင်မှုနဲ့ နည်းစနစ်ပိုင်း တိုးတက်မှုကို ကလပ်တွေက ရေရှည် စောင့်ကြည့်ကြမှာ ဖြစ်ပါတယ်။
ဝါတန်ဟာ ပဲလေစ့်နဲ့ ၂၀၂၉ ခုနှစ်ထိ စာချုပ်ရှိထားသူမို့ သူ့ကို ခေါ်ယူမယ့် ကလပ်တွေဟာ စျေးခပ်ပေါပေါဖြင့် ခေါ်ယူနိုင်ခွင့်ရမှာတော့ မဟုတ်ပါဘူး။