ပီယာလိုစတိုင်လို နှိုင်းခံရတဲ့ ကွင်းလယ်လူ၊ မာကာရဲ့ ဒဏ်ရာ မစိုးရိမ်ရခြင်း၊ နေရာပြန်ရရေး ကြိုးစားမယ့် ကွမ်းဆက်နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

အစ်ဝစ်ချ်ပွဲအပြီး နေရာမရတော့တဲ့ ခံစစ်မှူး ကွမ်းဆက်က အခွင့်အရေး ပြန်ရရင် အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားမှာဖြစ်ပြီး သူ့ရဲ့ နေရာမှာ ကမ္ဘာ့အကောင်းဆုံး ဖြစ်လိုတယ်လို့ ထုတ်ပြောသွားပါတယ်။

ဒေါ့မွန်ကို ဂန္တဝင်အဖြစ် တစ်ကျော့ပြန်သွားရခြင်းကို ကလော့ပ်က ပျော်ရွှင်နေပြီး သူက အခုလိုပဲ ကောင်းသော တွေ့ဆုံမှုတွေကိုပဲ လုပ်လိုသူပါလို့ ပြောပါတယ်။

မာကာရဲ့ ဒဏ်ရာက စိုးရိမ်ရခြင်း မရှိတာကြောင့် ကွင်းလယ်လူဟာ အာဂျင်တီးနားအသင်းနဲ့အတူ ခရီးထွက်မှာဖြစ်ပါတယ်။

နိုင်ငံတကာသီတင်းပတ်အတွင်း အာနယ် ဆလော့ရဲ့ နည်းစနစ်ကို ခွဲခြမ်းဆန်းစစ်မှုတွေ အတော်လေး ထွက်ပေါ်နေပြီး ဆလော့ရဲ့ စနစ်ကို လေ့လာခြင်းဟာ trending တောင် ဖြစ်နေပါတယ်။

အင်္ဂလန် ယူ-၁၈ နဲ့ ပြင်သစ် ယူ-၁၈ တို့ပွဲမှာ လီဗာပူး ကြယ်ပွင့်လေး နိုင်ယွန်နီ ပါဝင်ကစားခဲ့ကာ ကိုယ်တိုင် ဂိုးသွင်းယူခဲ့ပါတယ်။

အိုင်ယာလန်ကို ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ အင်္ဂလန်အသင်းရဲ့ အကောင်းဆုံး ကစားသမားဆုကို ထရန့်က ရရှိခဲ့တာ ဖြစ်ပါတယ်။

ဗန်ဒိုက်က လာမယ့် ကမ္ဘာ့ဖလားမှာ နယ်သာလန်အတွက် ပါဝင် ကစားပေးလိုတယ်လို့ ထုတ်ပြောခဲ့ကာ ဥရောပမှာ အနည်းဆုံး ၂ နှစ် ဆက်ကစားလိုတဲ့ သူ့ရဲ့ သဘောထားကို ထုတ်ဖော်သွားပါတယ်။

ဂျွန်ဘန်းစ်ကတော့ ဂရာဗင်ဘက်ချ်ကို နံပါတ် ၆ မှာ မြင်ရတာဟာ ပီယာလို ကစားနေသလိုပဲလို့ နှိုင်းယှဉ်ပါတယ်။ ဂရာဗင်ဘက်ချ်ဟာ ခပ်သွက်သွက် ခပ်မြန်မြန် ကစားသူ မဟုတ်ဘဲ ခြားနားစွာဖြင့် ဘောလုံး ကိုင်ကစားသူလို့ သူက မှတ်ချက်ပေးပါတယ်။

အပြောင်းအရွှေ့မှာ အသင်းသစ် မရခဲ့ခြင်းကို ကလယ်ဟာက စိတ်ပျက်နေတယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် ဂိုးသမားဟာ လက်ရွေးစင်မှာ ပုံမှန်ကစားခွင့်ရရေး ကလပ်အဆင့်မှာလည်း ပွဲကစားခွင့် လိုအပ်နေပါတယ်။