အဂွယ်ရို သတိပေးချက်၊ နေရာချနေတဲ့ မိုက်ကယ် အတ်ဝပ်၊ ရီးရဲလ်ကြောင့် ၂၀၂၅ မတိုင်ခင် ထရန့်ကို သက်တမ်းတိုးနိုင်ဖို့ လိုနေခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

နိုင်ငံတကာ သီတင်းပတ်ကို ကြံ့ခိုင်မှုပိုင်းအတွက် အဓိကထား လေ့ကျင့်နေတဲ့ ခီယေဆာဟာ ဖောရက်စ်ပွဲကြို အသင်းလိုက် လေ့ကျင့်ရေးမှာ ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။

အင်္ဂလန် ယူ-၂၁ အတွက် ရွေးချယ်ခံရစဉ် ခြေဖဝါးကျိုး ဒဏ်ရာရခဲ့တဲ့ ဟာဗေးဟာ ၄ ပတ်ဝန်းကျင် အနားယူရမယ်လို့ အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက်တွေက ဖော်ပြနေပါတယ်။

၂၀၂၂ တုန်းက အမ်ဘာပေဟာ လီဗာပူးအသင်းထံ ပြောင်းလာဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီခဲ့ပါတယ်။ လီဗာပူးက ယူရို သန်း ၂၀၀ ဖြင့် ပီအက်စ်ဂျီထံ ကမ်းလှမ်းပေမယ့် ယူရို သန်း ၄၀၀ ဖြင့် ပြန်လာဖို့ ပယ်ချခံခဲ့ရပါတယ်။

၁၆ နှစ်သား ရီယိုကို ဒီအပတ် အစောပိုင်းကာလတွေမှာ ပထမအသင်းက အသင်းသားတွေဖြင့် တွဲဘက် လေ့ကျင့်နေစေတာကြောင့် တိုက်စစ်သမားလေးဟာ ဒီရာသီ စီနီယာအသင်းနဲ့ ပုံမှန် လေ့ကျင့်ခွင့်ရဖွယ် ရှိနေပါတယ်။

ယာဂင်ကလော့ပ်က သူ ဆဲလ်ဘတ်အသင်းပွဲတွေကို အတော်လေး ကြည့်ဖြစ်ကြောင်းဖြင့် ပါတနာဟောင်း ပပ်လင်ဒါးကို အသိအမှတ်ပြုစကား ပြောဆိုခဲ့သလို လီဗာပူးပွဲတွေကိုလည်း ကြည့်ဖြစ်တယ်လို့ ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ်က သူတို့ရဲ့ ဦးစားပေး ပစ်မှတ်ထဲ ထရန့်ကို ထည့်သွင်းထားတာကြောင့် လီဗာပူးဘက်က သက်တမ်းတိုးခြင်းကို ၂၀၂၅ ထဲ မဝင်ခင် အပြီးသတ်နိုင်ဖို့ လိုအပ်နေပါတယ်။

လီဗာပူးအသင်းက အဆုံးမသတ်သေးပါကြောင်းနဲ့ ယခင်အတိုင်း ဆုဖလားတွေ စိန်ခေါ်ဖို့ ပြန်ပြီး အားကောင်းလာနေတယ်လို့ စီးတီး တိုက်စစ်မှူးဟောင်း အဂွယ်ရိုက မှတ်ချက်ပေးလာပါတယ်။

FSG ရဲ့ ဘောလုံးဆိုင်ရာ စီအီးအို မိုက်ကယ်အတ်ဝပ်ဟာ လီဗာပူးအသင်းကို ပြန်တည်ဆောက်မှုအား ဆက်လက် နေရာချနေဆဲဖြစ်ပြီး ရေရှည် ပလန်တွေအတွက် အားထုတ်နေတယ်လို့ သိရပါတယ်။

လီဗာပူးပရိသတ်တွေကြားမှာ ဟာသတစ်ခု ထွက်ပေါ်နေပါတယ်။ ဇူဘီမန်ဒီဟာ လီဗာပူးကို ပြောင်းလာဖို့ ငြင်းဆန်ခဲ့တဲ့ အကြောင်းရင်းက ဂရာဗင်ဘက်ချ်ကြောင့် သူ အရန်ခုံမှာပဲ ထိုင်နေရမယ် သိနေလို့ပါတဲ့။