ဖောရက်စ်ပွဲကြို ဒဏ်ရာ အခြေအနေများ၊ ကလော့ပ်တုန်းကထက် ပိုကြည့်ဖြစ်မယ်ဆိုတဲ့ မန်စီးတီးနည်းပြနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

ဖောရက်စ်ပွဲမှာ ပါဝင်ကစားဖို့ မာကာ ကြံ့ခိုင်နေကြောင်း အာနယ် ဆလော့က ပွဲကြိုမှာ အသိပေးပါတယ်။ ခီယေဆာကို ပွဲနေ့လူစာရင်းထဲ ထည့်မလားက သောကြာနေ့ လေ့ကျင့်ရေး အပြီးမှ ဆုံးဖြတ်မှာဖြစ်ပါတယ်။

မိုဆာလာရဲ့ စာချုပ်ကိစ္စ ဆွေးနွေးမှုတွေဟာ သတင်းထောက်တွေ ဖော်ပြနေသလို မဟုတ်ဘဲ သတင်းထူး မရှိကြောင်း အေးဂျင့်က ပြောပါတယ်။

အသင်းကနေ ထွက်ခွာလိုပေမယ့် စျေးကောင်းမရလို့ ရောင်းထုတ်မခံရချိန် ဆက်နေဖို့ ဆုံးဖြတ်ခဲ့တဲ့ ကလယ်ဟာရဲ့ စိတ်ဓါတ်ပိုင်းအား အာနယ် ဆလော့က ချီးကျူးသွားပါတယ်။

ဆလော့ အကြောင်း သိပ်မသိပေမယ့် ဒီကရှေ့ လီဗာပူးပွဲတွေကို ကလော့ပ် လက်ထက်တုန်းက ကြည့်ခဲ့တာထက် ပိုပြီး စောင့်ကြည့်ရလိမ့်မယ်လို့ ဂွာဒီယိုလာက ဆိုပါတယ်။

လိုက်ဇစ်အသင်းမှ ဇာဗီ ဆိုင်မွန်ကို လီဗာပူးဘက်က စောင့်ကြည့်နေသလို မန်စီးတီးကလည်း ဒီဘရိုင်းနေရာ အစားထိုးဖို့ စိတ်ဝင်စားနေပါတယ်။

လီဗာပူးအသင်းဟာ ဒါဝင်၊ ဂျိုတာ၊ ခီယေဆာတို့လို တိုက်စစ်သမားတွေကို တစ်ဦးချင်း အဆုံးသတ်ပိုင်းတွေမှာ သီးသန့်လေ့ကျင့်မှုတွေ လုပ်ဆောင်ပေးနေပါတယ်။

ဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ကို သက်တမ်းတိုးရေး ကိစ္စ မေးခံရချိန်မှာ ဒီမေးခွန်းကြီးပဲ လာလာနေတာ ပျင်းဖို့ကောင်းကြောင်း အာနယ် ဆလော့က တုန့်ပြန်ပါတယ်။

လီဗာပူးနည်းပြကတော့ ဒီကိစ္စတွေဟာ မီဒီယာထက်က စကားပြောရမှာ မဟုတ်ဘဲ ကလပ်နဲ့ ကစားသမားတွေကြား သီးသန့် ဆွေးနွေးရမယ့် ကိစ္စတွေအဖြစ် မှတ်ချက်ပေးထားပါတယ်။

ခြေဖဝါးဒဏ်ရာကြောင့် ဟာဗေး ၄ ပတ်ကြာ နားရမယ့် သတင်းကို အာနယ် ဆလော့က အတည်ပြုပေးသလို ကစားသမားကတော့ မကြာခင် ပြန်တွေ့ကြမယ်လို့ ပိုစ့်တင်သွားပါတယ်။

လာမယ့်ရာသီ လီဗာပူး အိမ်ကွင်းနဲ့ အဝေးကွင်း ဂျာစီတွေမှာ အသုံးပြုမယ့် Adidas လိုဂို ဒီဇိုင်းတွေ ထွက်ပေါ်နေပါတယ်။