

နော်တင်ဟမ် ဖောရက်စ်ဟာ ၁၉၆၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် အန်ဖီးမှာ လီဗာပူးကို အနိုင်ရသွားခဲ့ပြီဖြစ်ပါတယ်။
ဘောလုံးပိုင်ဆိုင်မှု ၇၀% ရှိထားချိန်မှာ အခွင့်အရေးတွေ ပိုဖန်တီးနိုင်ရမှာဖြစ်ပြီး အသင်းက တစ်ဦးချင်းအမှား သိပ်များတယ်လို့ ဖောရက်စ် ရှုံးပွဲအပြီး နည်းပြဆလော့က တုန့်ပြန်ပါတယ်။
အိမ်ကွင်းမှာ ပြိုင်ဘက်ကို ရှုံးတယ်ဆိုတာ စိတ်ပျက်စရာကောင်းပြီး အသင်းက ဘာဖန်တီးမှုမှ မလုပ်နိုင်ခဲ့ဘူးလို့ ဂိုးသမား အယ်လီဆန်က မှတ်ချက်ပေးပါတယ်။
ဒီအပတ် လီဗာပူးရဲ့ ချန်ပီယံလိဂ်ပြိုင်ဘက် အေစီမီလန်ဟာ ပထမပိုင်းမှာတင် ပြိုင်ဘက်ကို ၄-၀ ဖြင့် ပြတ်ပြတ်သားသား အနိုင်ယူသွားပါတယ်။
ဖောရက်စ်ပွဲ ဒုတိယပိုင်းမှာ နည်းပြဆလော့ဟာ ထရန့်ကို ဆိုဘိုစလိုင်ရဲ့ နံပါတ် ၁၀ နေရာ ဝင်ကစားစေခဲ့ပြီး အလုပ်တော့ မဖြစ်ခဲ့ပါဘူး။
လီဗာပူး ၀-၁ ဖောရက်စ်ပွဲမှာ နည်းပြနူနိုရဲ့ ခံစစ်နည်းစနစ်ဟာ ချီးကျူးလောက်စရာဖြစ်ကာ ဆာလာတို့တွေ ဧရိယာထဲ မဝင်နိုင်အောင် အကွက်ကျကျ ရပ်တန့်ပြခဲ့တယ်လို့ ဘီဘီစီကနေ အလန်ရှီးယားနဲ့ ဆက်တန်တို့က ချီးကျူးပါတယ်။
ခံစစ်ပိတ်ကစားတဲ့အသင်းတွေကို ဖောက်ထွက်ဖို့ရာ ကလော့ပ် လက်ထက်က မဖြေရှင်းနိုင်ခဲ့သလို အာနယ် ဆလော့ လက်ထက်မှာလည်း ပြဿနာ တတ်နေဆဲလို့ ထောက်ပြခံနေရပါတယ်။
မိုဆာလာ၊ ဆိုဘိုစလိုင်နဲ့ ထရန့်တို့ဟာ တစ်ဦးချင်း အမှားတွေ အရမ်းကို များပြားလွန်းကြောင်း ထောက်ပြခံနေရပါတယ်။
လူငယ် ဘယ်အစွန်လူ လုခ်ချမ်ဘာဟာ တချိန်က ယူနိုက်တက်ကို အနိုင်ယူတဲ့ပွဲမှာ အော်ရယ်လီယို ဂိုးသွင်းတဲ့ ဖရီးကစ်ပုံစံဖြင့် ဝီဂန်အတွက် ဖရီးကစ်ကနေ တိုက်ရိုက် ကန်သွင်းယူပါတယ်။
ယူနိုက်တက်နိုင်တဲ့နေ့မှာ လီဗာပူးရှုံးတာ ပျော်တယ်လို့ ဂယ်ရီနဗီးက သူ့ရဲ့ လူမှုကွန်ယက်တွေကနေ အောင်ပွဲခံခဲ့ပါတယ်။