လီဗာပူးအသင်းဟာ အီတလီကို ကစားသမား ၂၃ ဦးပါ လူစာရင်းဖြင့် ထွက်ခွာသွားခြင်းဖြစ်ကာ ကွင်းလယ်လူ မော်တန်လည်း ပါဝင်သွားပါတယ်။
- Goalkeepers: Alisson, Kelleher, Jaros
- Defenders: Konate, Van Dijk, Quansah, Gomez, Alexander-Arnold, Robertson, Tsimikas, Bradley
- Midfielders: Szoboszlai, Gravenberch, Jones, Mac Allister, Endo, Morton
- Forwards: Salah, Chiesa, Jota, Diaz, Nunez, Gakpo
ချန်ပီယံလိဂ်ပွဲအတွက် အသင်းဖော်တိုင်းထံက အကောင်းဆုံး ခြေစွမ်းနဲ့ စွမ်းဆောင်ရည် လိုအပ်တယ်လို့ အသင်းခေါင်းဆောင် ဗန်ဒိုက်က အသိပေးပါတယ်။
လီဗာပူးလူစာရင်းဟာ ဖောရက်စ်ပွဲကထက် အများကြီး ပြောင်းလဲသွားတာမျိုး ဖြစ်လာဖို့ မရှိဘဲ ဒဏ်ရာ ပြဿနာ ထွေထွေထူးထူး မရှိရင် တူညီတဲ့ လူစာရင်းဖြင့် ပွဲထွက်လာနိုင်တယ်လို့ သိရပါတယ်။
အေစီမီလန်နဲ့ပွဲမှာ ခီယေဆာကို ပွဲထွက်လူစာရင်းကနေ ထည့်သွင်းမှာ မဟုတ်ပေမယ့် လူစားဝင် ကစားသမားအဖြစ် ကစားခွင့်ရနိုင်တယ်လို့ နည်းပြအာနယ် ဆလော့က အတည်ပြုပါတယ်။
မာကာဟာ အေစီမီလန်ပွဲမှာ မိနစ် ၆၀ ကစားခွင့်ရမလား ပွဲချိန်ပြည့် ကစားခွင့်ရမလား အသင်းဘက်က စောင့်ကြည့်နေပါတယ်။
ကွင်းလယ်လူ ဂရာဗင်ဘက်ချ်ဟာ ထက်ထက်မြက်မြက်ရှိတဲ့ ကောင်လေးတစ်ယောက် ဖြစ်တာမို့ နည်းပြသစ်လက်ထက်မှာ အထိုင်ကျလာလိမ့်မယ်လို့ သီယေဂိုက ထောက်ခံပါတယ်။
ဥရောပကို ပြောင်းရွှေ့ကစားခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ချန်ပီယံလိဂ် ကစားလိုတာကြောင့်လို့ အယ်လီဆန်က ထုတ်ပြောလာပြီး ဥရောပပြိုင်ပွဲကြီးမှာ စွမ်းဆောင်ရည်ကောင်း ပြသကြမယ်လို့ အသင်းဖော်တွေအား နှိုးဆော်ပါတယ်။
အိုရီဂီဟာ စီနီယာအသင်းက ဖယ်ထုတ်ခံထားရပြီး အရန်အသင်း ပို့ခံထားရတာမို့ လီဗာပူးကို ရင်ဆိုင်ရတဲ့ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
ထရန့်ကို သက်တမ်းတိုးရေးဟာ လီဗာပူးရဲ့ ဦးစားပေး ကိစ္စဖြစ်တာကြောင့် မကြာခင်မှာ စကားပြောမှု စတင်မယ်လို့ သတင်းထောက် ရိုမန်နိုက အာမခံပေးနေပါတယ်။
တိုက်စစ်သမား ကူးမက်စ်ဟာ စတုတ်မှာ ပုံမှန် ပွဲကစားခွင့်ရနေပေမယ့် နည်းပြ အပြောင်းအလဲ ဖြစ်သွားပြီမို့ သူ့ရဲ့ အခြေကျနေမှုကို မထိခိုက်စေဖို့ မျှော်လင့်ရမှာပါ။