

ချန်ပီယံလိဂ် ပထမအပတ် ပွဲစဉ်အပြီး အေစီမီလန်ကို အဝေးကွင်းမှာ ၃-၁ ဖြင့် အနိုင်ရခဲ့တဲ့ လီဗာပူးအသင်းဟာ ထိပ်ဆုံး ၈ သင်းထဲ ပါဝင်နေဆဲဖြစ်ပါတယ်။
ဖောရက်စ်ကို လီဗာပူး ရှုံးခဲ့တာက အံ့အားသင့်ဖွယ် ခြေချော်ခြင်းပဲဖြစ်ပြီး ဘုန်းမောက်ကိုတော့ အနိုင်ရလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။
ဂက်ပိုကို အခွင့်အရေးပေးခဲ့သလိုပဲ ဘုန်းမောက်ပွဲမှာ ဂျိုတာကို အနားပေးပြီး ဒါဝင်ကို ပွဲထွက်ကနေ အသုံးပြုဖို့ တိုက်တွန်းမှုတွေ ထွက်ပေါ်နေပါတယ်။
ဩဂုတ်လအတွက် လီဗာပူးအသင်း တစ်လတာ အကောင်းဆုံး ကစားသမားဆုကို မိုဆာလာက ရရှိသွားပါတယ်။
ဆိုစီဒက် ကွင်းလယ်လူ ဇူဘီမာတင်က ဒီနွေမှာ လီဗာပူးကို ငြင်းဆန်ခဲ့ခြင်းကို နောင်တမရသလို ရာသီဝက်မှာ အသင်းပြောင်းမှာ မဟုတ်ပါဘူး။ နွေမှာပဲ သူ့ရဲ့ အနာဂတ်ကို ထပ်မံ စဉ်းစားမှာဖြစ်ပါတယ်။
ထရန့်နဲ့ ဗန်ဒိုက်ကို အက်ဆာမှာ ပွဲနေ့ဂျာစီတွေဖြင့် မြင်တွေ့နေရတာကြောင့် ဘာများ ထူးခြားမလဲလို့ ပရိသတ်တွေဘက်က စိတ်ဝင်စားနေပါတယ်။
လီဗာပူးအသင်းဟာ ဆလော့ရဲ့ ကြံ့ခိုင်မှုအဖွဲ့အတွက် ပြန်ဖွဲ့စည်းမှု ဆက်လုပ်ပေးခဲ့ပြီး ပထမအသင်း ဆရာဝတ်အသစ် ခေါ်ယူခြင်းအပြင် ရာထူး ၂ နေရာ ထပ်ခန့်ခဲ့ကာ တစ်ဦးကို ရာထူးတိုးပေးခဲ့ပါတယ်။
နယူးကာဆယ်အသင်းဟာ လီဗာပူးအသင်းနဲ့ သတင်းကြီးထွက်ခဲ့တဲ့ ဂေါ်ဒန်ကို ကလပ် စံချိန်တင် လုပ်ခရှင်အဖြစ် တစ်ရာသီ ပေါင် ၉ သန်းပေးမယ့် ကမ်းလှမ်းမှုမျိုးဖြင့် ဆွဲဆောင်နေပါတယ်။
မန်စီးတီးကစားသမားတွေက မန်ချက်စတာကလပ် တန်းဆင်းသွားရမယ်ဆိုရင် ဘယ်လို ရွေးချယ်စရာတွေရှိမလဲကို စတင် ရှာဖွေနေကြောင်း ဒေးလီးမေလ်းက ဖော်ပြပါတယ်။