မဖြစ်မနေ နိုင်ဖို့လိုအပ်မယ့် ဘုန်းမောက်ပွဲမှာ ဆလော့ ပွဲထုတ်မယ့် လူစာရင်းအား ခန့်မှန်းကြည့်ခြင်း

လီဗာပူးအသင်းဟာ အိမ်ကွင်း ၂ ပွဲဆက်အဖြစ် ဒီကနေ့ညမှာ ဘုန်းမောက်ကို အန်ဖီးကွင်းအတွင်း ဧည့်ခံ ယှဉ်ပြိုင်ရပါမယ်။

ပြီးခဲ့တဲ့ အပတ်က မထင်မှတ်ဘဲ ဖောရက်စ်ကို ရှုံးနိမ့်တာကြောင့် အသင်းဟာ အဆင့် ၄ နေရာ ဆင်းပေးလိုက်ရသလို ဇယားထိပ်က မန်စီးတီးနဲ့ ၃ မှတ်ပြတ်သွားပါတယ်။ ဒီအပတ်မှာ မန်စီးတီးနဲ့ အာဆင်နယ် ထိပ်တိုက်တွေ့နေတာမို့ မဖြစ်မနေ နိုင်ပွဲပြန်ယူရမယ် ဆိုတာကို အသင်းသားတွေ နားလည်ထားပါလိမ့်မယ်။

Team News

  • အယ်လီဆန် ဒဏ်ရာကြောင့် လွဲချော်ပါမယ်။
  • ဟာဗေးလည်း မပါနိုင်သေးပါဘူး။
  • အခြား ဒဏ်ရာရ ကစားသမားစာရင်း မရှိပါဘူး။

Liverpool’s XI vs. Bournemouth

ကလယ်ဟာ အသင်းဂိုးပေါက်ကို တာဝန်ယူခွင့်ရမှာဖြစ်ပြီး အရန်ဂိုးသမားအဖြစ် ပြီးခဲ့တဲ့ရာသီ ဩစတြီးယားချန်ပီယံဖြစ်ခဲ့တဲ့ ဂျာရိုစ့် ပါဝင်လာမှာပါ။

ခံစစ်မှာတော့ ဗန်ဒိုက်၊ ကိုနတေးတို့ကို အထိုင်ထားပြီး ထရန့်နဲ့ ရော်ဘတ်ဆန် ပြန်တွဲပေးဖွယ် ရှိပါတယ်။ ရော်ဘတ်ဆန်ဟာ ကြားရက်တုန်းက အနားရထားတာကြောင့် ယနေ့ပွဲအတွက် အဆင်သင့်ဖြစ်နေပါမယ်။

ကွင်းလယ်မှာ မာကာကို မိနစ် ၆၀ လောက်သုံးဖို့ စီစဉ်ထားကြောင်း ဆလော့က ပြောခဲ့တာကြောင့် ဂရာဗင်ဘက်ချ်၊ မာကာ၊ ဆိုဘို အတွဲကိုပဲ ထုတ်သုံးပြီး ကာတစ်ဂျုံးနဲ့ အန်ဒိုတို့ကို လူစားဝင်တွေအဖြစ် ကစားစေမယ် မျှော်လင့်ရပါတယ်။

တိုက်စစ်ကမှာ ဂျိုတာနဲ့ ဆာလာကို ဆက်လက် ပွဲထုတ်ပြီး ဘယ်ခြမ်းမှာ ဒီယက်ဇ် ပြန်ပါလာပါမယ်။ ဒါဝင် လူစားဝင်အဖြစ် ကစားခွင့်ရဦးမှာဖြစ်ကာ ခီယေဆာကိုလည်း ပွဲချိန် အနည်းငယ် ဖန်တီးပေးဖွယ် ရှိပါတယ်။