

ပရီးမီးယားလိဂ် ပွဲစဉ် ၅ အပြီးမှာ လီဗာပူးအသင်းဟာ ရမှတ် ၁၂ မှတ်ဖြင့် ဇယားထိပ်က မန်စီးတီးနောက် ၁ မှတ်အကွာ ဒုတိယနေရာက ကပ်လိုက်နေပါတယ်။
ထရန့်၊ ဆာလာ၊ ဗန်ဒိုက်တို့က လီဗာပူးကနေ ထွက်လိုရိပ် မပြသဘဲ အသင်းမှာပဲ ဆက်နေလိုကြောင်း သဘောထားတွေရှိနေတာမို့ အကောင်းဖြစ်မယ့် နည်းလမ်းကို အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်က ရှာဖွေနေပါတယ်။
အာဆင်နယ်နဲ့ ယှဉ်ပြိုင်ရတာထက်စာရင် လီဗာပူးနဲ့ သူနိုင် ကိုယ်နိုင် အပြိုင်ကစားရတာမျိုးကို ပိုသဘောကျတယ်လို့ ဘာနာဒို ဆေးဗားက ဆိုပါတယ်။
ထရန့်က သူဟာ ပြိုင်ဘက်တိုင်း ရင်မဆိုင်လိုတဲ့ ခံစစ်သမားဖြစ်လိုကြောင့် ဆလော့ကို ဖွင့်ဟထားတယ်လို့ ဆိုပါတယ်။ ဒါကပဲ သူ့ဘာသာ ကွင်းလယ်လူအဖြစ်ထက် ခံစစ်သမားအဖြစ်ပဲ မြင်ထားသေးတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
ထရန့်ရဲ့ ရည်မှန်းချက်ဟာ လီဗာပူးအသင်းမှာ အသင်းခေါင်းဆောင်ဖြစ်ဖို့ပါပဲလို့ ထုတ်ပြောခဲ့ပါတယ်။ ဒါဟာ အသင်းမှာ သူ ရေရှည်ဆက်နေလိုတဲ့ သဘောထားကို ပြသလာခြင်းလို့ နားလည်ရပါတယ်။
လီဗာပူးပရိသတ်တွေဟာ မက်ကယ်လစ္စတာအတွက် သီချင်းတစ်ပုဒ် ဖန်တီးပေးထားပါပြီ။ ဒီသီချင်းဟာ ကစားကွင်းတွေပေါ် ရောက်လာမလား စောင့်ကြည့်ရမှာပါ။
Oh Macallister oh Macallister he’s the best there’s been from the Argentine oh Macallister!!! @JamieWebster94 @Ste_Mono @taggysbar @JoeblottJoe @lizzidoyle @johngibbonsblog @TheRedmenTV @TheAnfieldWrap @hotelanfield @hatscarforabadg @TransalpinoO pic.twitter.com/uarYs2oK8S
— John Parry (@JohnPavParry) September 21, 2024
ပရီးမီးယားလိဂ်သမိုင်းမှာ ဂိုးထောက်ပံ့မှု အမြင့်ဆုံး ခံစစ်သမားနှစ်ဦးရှိပါတယ်။ သူတို့ကတော့ ထရန့်နဲ့ ရော်ဘတ်ဆန်တို့ဖြစ်ပြီး ၅၉ ကြိမ်စီ လုပ်ထားနိုင်ပါတယ်။
တိုက်စစ်သမား ခီယေဆာဟာ ဝက်စ်ဟမ်းနဲ့ ယှဉ်ပြိုင်ရမယ့် လိဂ်ဖလားမှာ ပွဲထွက်လူစာရင်းက ပါဝင်လာဖွယ် ရှိနေပါတယ်။
ကွင်းလယ်လူ ဘာ့ဂျ်ဆဲတစ်ဟာ ဆဲလ်ဘတ်အသင်းမှာ ဆက်တိုက် နေရာရနေသလို ခြေစွမ်းကောင်းတွေ ပြသနေပါတယ်။