

ဂရာဗင်ဘက်ချ်လို ကစားသမားကောင်းနဲ့ တွဲကစားရချိန်မှာ ကိစ္စတွေက ပိုပြီး လွယ်ကူသွားပါတယ်လို့ ကွင်းလယ်လူ မက်ကယ်လစ္စတာက ဆိုပါတယ်။
WhoScored ရဲ့ ဒီအပတ် အကောင်းဆုံးအသင်းထဲမှာ ထရန့်၊ ကိုနတေး၊ ဆာလာ၊ ဒီယက်ဇ်၊ ဒါဝင်တို့ ၅ ဦးထိ ပါဝင်သွားပါတယ်။
လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ တတိယအကောင်းဆုံးအသင်း ဖြစ်တယ်လို့ ကာရေဂါက ဆိုလာပြီး ဒီရာသီမှာ မန်စီးတီး၊ အာဆင်နယ်နောက်က အခွင့်အရေး စောင့်ရမှာဖြစ်ကာ နောက်ရာသီတွေမှာ အာနယ် ဆလော့ရဲ့ အသင်းက ဖလားစိန်ခေါ်နိုင်မှာ သေချာတယ်လို့ ခန့်မှန်းပါတယ်။
လီဗာပူး ဘယ်အစွန်လူ အိုဝင်ဘက် အကိုက်ခံရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ အက်ဖ်အေက စစ်ဆေးသွားမယ့် အကြောင်း ကြေညာခဲ့ပါတယ်။ အိုဝင်ဘက်ဟာ နောက်ကနေ အကိုက်ခံရတာကို တုန့်ပြန်မိခဲ့တာကြောင့် အနီကတ် ပြသခံခဲ့ရတာပါ။
ဂျာမာန် အားကစားဒါရိုက်တာကတော့ ကလော့ပ် ဆန္ဒရှိရင် လက်ရွေးစင်အသင်း မန်နေဂျာရာထူးအတွက် လမ်းဖွင့်ပေးမယ်လို့ ဆိုပါတယ်။
ဘောလုံးရဲ့ အနိမ့်အမြင့် အတက်အကျတွေမှာ လိုက်ပါ စီးမျောမနေဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် ရှေ့ဆက်ဖို့ အချိန်တန်ပြီလို့ ဗန်ဒိုက်က ဒါဝင်ကို သတိပေးလိုက်ပါတယ်။
ဂိုးသမားကလယ်ဟာက လီဗာပူးကစားသမားတွေဟာ အာနယ် ဆလော့ လက်အောက်မှာ ကစားရတာကို နှစ်သက်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။
နောက်နှစ်နွေမှာတော့ ပေါ့အဆိုတော့ Dua Lipa ဟာ အန်ဖီးကွင်းမှာ ဖျော်ဖြေပွဲ လုပ်သွားမှာဖြစ်ပါတယ်။
မန်စီးတီး ကွင်းလယ်လူ ရိုဒရီဟာ အာဆင်နယ်ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ဘောလုံးရာသီ တစ်ခုလုံးနီးပါး အနားယူရမယ်လို့ သိရပါတယ်။