ဝက်စ်ဟမ်းနဲ့ ကာရာဘောင်းပွဲမှာ ခံစစ်က ဘရတ်ဒလေနဲ့ ကွမ်းဆက်၊ ကွင်းလယ်မှာ ဂျုံးနဲ့ အန်ဒိုတို့ ပွဲထွက်ကစားခွင့်ရမယ်လို့ သိရပါတယ်။
တိုက်စစ်သမား ခီယေဆာဟာ လီဗာပူးကစားသမားဘဝ ပထမဆုံး ပွဲထွက်ခွင့်ကို ဒီညပွဲမှာ ရသွားဖွယ် ရှိနေပါတယ်။
နည်းပြဆလော့ဟာ ကွင်းလယ်လူ နိုင်ယွန်နီနဲ့ မော်တန်တို့ကို ယူ-၂၁ ပွဲစဉ်ကနေ ဖယ်ထုတ်ထားခဲ့ကာ ပထမအသင်းရဲ့ ပွဲနေ့လူစာရင်းထဲ ထည့်သွားမှာပါ။
ဝက်စ်ဟမ်းနဲ့ပွဲမှာ အသင်းရဲ့ ဂိုးပေါက်ကို ကလယ်ဟာ တာဝန်ယူရမလား မသေချာသေးပါဘူး။ အယ်လီဆန် ဂိုးမဖမ်းနိုင်သေးတာကြောင့် ကလယ်ဟာကို ပရီးမီးယားလိဂ်မှာ ဆက်သုံးရဖို့ ရှိနေကာ ကာရာဘောင်းပွဲမှာ ဂျာရိုစ့် တာဝန်ယူတာမျိုး ဖြစ်လာနိုင်ပါတယ်။
လီဗာပူးခံစစ်က ပြီးပြည့်စုံနေကြောင်း ချီးကျူးခံနေရချိန်မှာ နည်းပြဆလော့က ဒီရာသီ အသင်းရင်ဆိုင်ထားရတဲ့ထဲမှာ ယူနိုက်တက်တစ်သင်းပဲ ထိပ်တန်းအသင်း ပါပါသေးတယ်လို့ တုန့်ပြန်ပါတယ်။
ဆလော့ကြီးက ကွင်းဘေးမှာ တစ်ပွဲလုံး လူထုံကြီး တစ်ယောက်လို့ ရပ်နေတာ ဘယ်သူမှ မပြောကြတော့ဘူးလားလို့ နယ်သာလန် လက်ရွေးစင်ဟောင်း ဗန်ဒန်ဂျစ်က ဝေဖန်ပါတယ်။ နယ်သာလန်ဝေဖန်ရေးသမားတွေကလည်း အင်္ဂလန်ဝေဖန်ရေးသမားတွေလို အတော်လေး ပြောနိုင်ဆိုနိုင် ရပ်ကွက်ကလူတွေပါပဲ။
လီဗာပူးခံစစ်မှူးဟောင်း စကာတယ်ဟာ စလိုဗားကီးယား ပြည်တွင်းကလပ်နဲ့အတူ အားကစားဒါရိုက်တာ လောကထဲ စတင် ဝင်ရောက်လာပြီ ဖြစ်ပါတယ်။
အာဆင်နယ် ပရိသတ်တွေက သူတို့ဟာ ကလော့ပ်နဲ့ ဂွာဒီယိုလာတို့ တခေတ်လို သိပ်ချစ်တဲ့ ချစ်ကြည်ရေးပြိုင်ဘက်တွေ အဖြစ်ခံမှာ မဟုတ်ဘဲ ပြိုင်ဘက်ကို ပြိုင်ဘက်လိုပဲ မာမာထန်ထန် ယှဉ်ပြိုင်မယ်လို့ မှတ်ချက်ပေးနေကြပါတယ်။